Tuesday, January 22, 2013

ကာကွယ်ရေးဝန်ကြီး လက်နက် ပစ္စည်းညွန်ကြား ရေးမှူးရုံးမှ ဘဏ္ဍာအခွန်သို့ ရောက်လာသည့်မိုးကျရွှေကိုယ်များ

ကျွန်မကတော့ဘဏ္ဍာအခွန်ဝန်ကြီးဌာနလက်အောက်ကဌာနကြီးတခုရဲ့
လက်ထောက်ညွန်ကြားရေးမှူး အဆင့်ရှိတဲ့သူတယောက်ပါပဲ။
ကျွန်မတို့ဌာနရဲ့အရင်ဝန်ကြီး ဦးလှထွန်းကတော့သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး
လက်နက်ပစ္စည်းညွန်ကြား ရေးမှူးရဲ့ဌာနကကျွန်မတို့ ဘဏ္ဍာအခွန်ကို ပြောင်း
လာတော့ ကကနက်တဌာနလုံးရှိလူကုန်ဘဏ္ဍာအခွန်ကို ပြောင်းလာကြတော့ 
တာပါပဲ။ဘာမှအဆင့်မရှိဘဲဝန်ကြီးဌာနတခုရဲ့လုပ်ထုံးလုပ်နည်းတွေကို သေသေ
ချာချာပိုင်ပိုင်နိုင်နိုင်မသိပါဘူး။

တကယ်သိတဲ့သူများကျတော့အကုန်ချောင်ထိုးပီးလုပ်ချင်တိုင်းလုပ်နေကျတာပါပဲ။ သူ့ကိုကက်ဖားရတ်ဖားနဲ့အခွန်ငွေတိုင်းပြည်ရဲ့ဘဏ်ဏ္ဍာမှန်သမျှသူ့ အတွက်လို့
ယူဆပီးလုပ်ကိုင်ပေးနိုင်တဲ့သူ့ရဲ့တပည့်လက်ရင်းတွေကိုရှိသမျှရာထူးကြီးတွေ ပေး
ထားတော့တာပါပဲ။သိတဲ့တတ်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနားလည်တဲ့လူတွေ
ကိုကြတော့တမျှော်တခေါ်ချင်းပြည်နယ်၊ လွိုင်ကော်၊ကယားပြည်နယ် အစရှိတဲ့မြို့တွေ
ကိုပို့ထားပါတယ်။

ပညာမတက်စာမတက်ဥပဒေနားလည်ပဲနဲ့ငွေရှာပေးနိုင်သောသူတို့သာ
လူစွမ်းကောင်းတွေ ဖြစ်ကုန်ပါတယ်။ရာထူးတွေကိုငွေတွေနဲ့ဝယ်ယူနေကြပါတယ်။
သူကိုယ်တိုင်ကလဲဘာမမသိပါဘူး။စာတော်ဖတ်နဲ့နေနေတဲ့ဘဝပါ။

သူခန့်ထားတဲ့သူရဲ့တပည့်လက်ရင်းညွန်ချုပ်တွေဆိုတာလဲသူလိုပါပဲ။ ဘာမှမတက်ပါဘူး။ လက်အောက်ဌာနတွေကနေ ဘယ်ဒုချုပ်က ဘယ်လောက်ပေးမလဲ၊ ဘယ်ညွန်မှူးက ဘယ်လောက်ပေးမလဲ၊ပေးနိုင်တဲ့ သူတွေသာရာထူးတွေအဆင့်ဆင့်တိုးပီး ကျော်ဖြတ်
ကုန်ကြ တော့တာ၊ကျွန်မတို့လိုတကယ်ကြိုးစားပီးအဆင့်ဆင့်တက်လာတဲ့သူတွေအတွက်
သိပ်ကိုနစ်နာပါတယ်။ သူ့ရဲ့တပည့်aအရင်းညွန်ချုပ်တွေဆိုဒီဌာနကနေဟိုဌာန၊ ဟိုဌာနကနေ ဒီဌာနကို ပြောင်းနေတာ ကောင်းမှကောင်းပါ။
အဲဒီလိုကောင်းအောင်လဲငွေရှာပီးပေးနိုင်ဖို့ကအဓိကဖြစ်နေပါတယ်။ယခုလဲရေတပ်က
ဝန်ကြီးပြောင်းလာပြန်ပါပြီ။ရေတထွန်းစိုတဲ့အတိုင်းရေတပ်ကလူတွေကောင်းစား နေပြန်ပါ
တယ်။

အရင်ဝန်ကြီးရဲ့တပည့်လက်ရင်းများကတော့သူတို့ဆရာဝန်ကြီးကဲ့သို့စာတော်ဖတ်၊ ရေးတော်
မူတွေကိုလက်စွဲလုပ်လို့နိုင်ငံတကာသွားနေကြပါသည်။ဒါကြောင့်မို့လို့တကယ်တော်တကယ်
တတ်ပီးတကယ်ဥပဒေနားလည်တဲ့ကျွန်မတို့လိုဝန်ထမ်း တွေကိုလဲ ကြည့်ပေးပါအုန်းလို့ပြော
ချင်ပါတယ်။

လေးစားစွာဖြင့်
မေ၀င်းဝင်း-

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။