Tuesday, January 22, 2013

အင်တာနက်တွင်တင်ထားသည့်ဝန်ကြီးဟောင်းဦးအောင်သောင်းသတင်းနှင့်ပတ်သက်ပြီးတောင်သာဒေသခံများလက်မခံ

ဇန်န၀ါရီလ(၁၉)ရက်နေ့တွင်အင်တာနက်သတင်းများ၌ တွေ့ရှိရသည့်မိန်းကလေးတဦးကို
အလိုမတူပဲဝန်ကြီးဟောင်းဦးအောင်သောင်းမယားငယ်ပြုထားခြင်းသတင်းနှင့်ပတ်သက်ပြီး
တောင်သာနှင့် တောင်သာမြို့နယ် ၀ဲလောင်ရွာရှိ ဒေသခံပြည်သူများမှလုံးဝလက်မခံကြောင်း
သိရှိရသည်။ဝဲလောင်ကျေးရွာနေရပ်မိရပ်ဖအငြိမ်းစားကျောင်းဆရာကြီးဦလှကျော်မှ၎င်း
သတင်းနှင့်ပတ်သက်ပြီးလုံးဝမှန်ကန်မှုမရှိကြောင်း၊၄င်းအင်တာနက်သတင်းသည်
ဝန်ကြီးဟောင်းဦးအောင်သောင်းအားမနာလိုအပုတ်ချလိုသူများမှလုပ်ကြံဖန်တီးထားခြင်း
ဖြစ်ကြောင်း၊၀ဲလောင်ကျေးရွာတွင်အိမ်ခြေ(၃၀၀)ခန့်ရှိပြီးအင်တာနက်သတင်းပါမအေးမို့မို့
လှိုင်ဟူသောအမည်ဝဲလောင်ရွာတွင်မရှိကြောင်း၊၄င်းသတင်းနှင့်ပတ်သက်ပြီးသံသယရှိသူ
များအနေဖြင့်အချိန်မရွေးလာရောက်စုံစမ်းနိုင်ကြောင်း ပြောဆိုသွားသည်။

ထို့ပြင်ဝဲလောင်ကျေးရွာရွှေဥမင်ဘုန်းကြီးကျောင်းကျောင်းထိုင်ဆရာတော်ဦးဓမ္မ၀ံသမှလည်း၎င်းသတင်းမမှန်ပါကြောင်း၊ဦးအောင်သောင်းအားတောင်သာတစ်မြို့နယ်လုံးမှချစ်ခင် ကြကြောင်း၊ဆရာတော်မှဝန်ကြီးဟောင်းဦးအောင်သောင်းဟာဝဲလောင်ရွာသားပါ။သူ့ကြောင့်ဒီဒေသတွေဘာသာသာသနာထွန်းကားပြီးကျန်းမာရေးပညာရေးအလုံးစုံတိုးတက်လာတာပါတစ်နယ်လုံးသူ့ကျေးဇူးမကင်းပါဘူး၊ အခုလိုမဟုတ်မမှန်အပုတ်ချတဲ့သတင်းဟာဘုန်းကြီးတို့ တောင်သာ ဒေသခံတွေကို စော်ကားလိုက်တာပါဘဲ အချိန်မရွေး လာရှင်းလို့ရပါ တယ် ဟုမိန့်ကြားသွားသည်။

ဝန်ကြီးဟောင်းဦးအောင်သောင်းသည် တောင်သာမြို့နယ်ဝဲလောင်ရွာသားတစ်ဦးဖြစ်ပြီး
တောင်သာမြို့နယ်မှ ရွေးကောက်ခံရသည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ
ပြည်သူ့လွတ်တော်မှဖွဲ့စည်းထားသည့် ငွေကြေးနှင့်ဘဏ်များဆိုင်ရာကော်မတီဥက္ကဌ
တာဝန်ထမ်းဆောင်လျက်ရှိသည်။ယခင်ကငြိမ်းချမ်ရေးလုပ်ငန်းစဉ်များတွင်ဦးဆောင်ပါဝင်
ခဲ့သော်လည်း၂၀၁၂ခုနုစ်နောင်းပိုင်းတွင်ကျန်းမားရေး အခြေနေအရ အနားယူခဲ့သည်။

ဖေသန်းဇော်(မြင်းခြံ)
TaungThar Thar Fb

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။