Tuesday, August 20, 2013

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ရွာလူထုအခြေပြုသဘာဝဘေးအန္တရာယ် လျှော့ချရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းများ ပို့ချလျက်ရှိ



မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲမှုဌာန ၏လမ်းညွှန်မှုနှင့် မြို့နယ်
ကြက်ခြေနီ ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုခံယူလျက် ဆိပ်ဖြူမြို့နယ်အတွင်းရှိ
ကျေးရွာအုပ်စု(၁၂) အုပ်စုကို ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျှော့
ချရေးစီမံခန့်ခွဲမှုဆင့်ပွား သင် တန်း များကို ပို့ချလျက်ရှိပါသည်။
သင်တန်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးမောင်မောင်ဝင်း ၊ ရပ်ရွာ
လူထု အခြေပြုသဘာဝဘေးအန္တရာယ်လျှော့ချရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း
(CBDRM) မြို့နယ် ခေါင်းဆောင် ဦးမောင်မောင် နှင့် ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျှော့ချရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း(CBDRM) ရပ်ရွာ
ခေါင်းဆောင် (၁၂) တို့ကသင်တန်း နည်းပြများ အဖြစ်ဆောင်ရွက်ကာကျေးရွာ
တစ်ရွာလျှင် သင်တန်းသား ကျား(၁၅)ဦး ၊ မ(၁၅)ဦး စုစုပေါင်း (၃၀) ဦးဖြင့်ဖွင့်လှစ်
သွားမည်ဖြစ်ပြီး သင်တန်းကာလ (၅)ရက်ကြာမြင့်မည် ဖြစ်ကြောင်း ရပ်ရွာလူထု
အခြေပြု သဘာဝဘေးအန္တရာယ်လျှော့ချရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းမြို့နယ်
ခေါင်းဆောင် ဦးမောင်မောင် မှပြောကြားပါသည်။
အဆိုပါသင်တန်းများကိုရွာသစ်ကုန်းကျေးရွာ၊ သံချောင်းကျေးရွာ၊ကင်မွန်းတောင့်ကျေး
ရွာ၊ အင်းကန်ကျေးရွာများ တွင်ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ကျန်ကျေးရွာများဖြစ်သော
အနောက် ကမ်းဖြူကျေးရွာ ၊ ကျားဘေကျေးရွာ ၊ တောင်ရွာမကျေးရွာ ၊ ကပိုင်ကျေးရွာ ၊
ဒေါသာကျေးရွာ ၊ ပင်းတလဲကျေးရွာ၊ မယ်ဇလီကွေ့ကျေးရွာနှင့် ချောင်းမကြီးကျေးရွာ
များတွင်လည်း ၂၀၁၃ ခု အောက်တိုဘာလ (၃၀)ရက်အတွင်း အပြီးသတ်ပို့ချ သွား မည်ဖြစ်သတင်းရရှိပါသည်။

 လေးမောင် (ဆိပ်ဖြူ)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။