Tuesday, August 20, 2013

တိုင်းဒေသကြီး ပင်စင် ဦးစီး ဌာနမှ ပခုက္ကူခရိုင်ဘဏ် အတွင်းရှိ မြို့ပြ နှင့် နိုင်ငံရေး ပင်စင် ခံစားခွင့် ရရှိရေး စီစစ်ဆောင်ရွက်





သြဂုတ် မွန်းလွဲ(၂)နာရီက မကွေးတိုင်းဒေသကြီး၊ပင်စင်ဦးစီးဌာနမှ အရာထမ်း၊
အမှုထမ်း(၅)ဦး တို့ပါဝင်သောအဖွဲ့သည် ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်
(ခရိုင်ဘဏ်)သို့ လာရောက်ကာ မြို့ပြ / နိုင်ငံရေးပင်စင်စားများအတွက်
(၁-၄-၂၀၁၃)ရက်နေ့မှစ၍ ခံစားခွင့်ရှိသော တိုးမြှင့်ပင်စင်ခံစား ခွင့်ပြုမိန့်
ရရှိစေရန် စီစစ်ဆောင်ရွက်လျှက်ရှိသည်။
          ပခုက္ကူခရိုင်ဘဏ်တွင်မြို့ပြ / နိုင်ငံရေးပင်စင်စားဦးရေမှာ(၂၁၀၀) ဦး
ခန့်ရှိပြီး၊ တိုးမြှင့်ပင်စင်ခံစားခွင့်ပြု မိန့်ရရှိသူမှာ(၁၅၀၀)ဦးခန့်ရှိနေကာတိုးမြှင့်
ပင်စင်ခံစားခွင့်ပြုမိန့်ရရန်(၆၀၀)ဦးခန့်ကျန်ရှိနေသဖြင့်စီစစ်ခွင့်ပြု မိန့်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဟုတာဝန်ရှိသူတစ်ဦးကဆိုသည်။

အောင်(မန်းတက္ကသိုလ်)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။