Tuesday, August 20, 2013

ဆင်ကိုသတ်၍ ဆင်စွယ်ဖြတ်ခိုးမှု ပဲခူးမြို့နယ်တွင်ဖြစ်ပွား





ပဲခူးမြို့နယ်၊ထန်းတောကြီးရဲစခန်းအပိုင်၊စလူသစ်တောကြိုးဝိုင်း၊အကွက်အမှတ်(၁၈၅)
တွင် သြဂုတ်၁၂ရက်နေ့နံနက်(၇း၀၀)အချိန်ခန့်ကဆင်တစ်ကောင်သေနတ်ဒဏ်ရာဖြင့်သေ ဆုံးနေကြောင်းတော ခေါင်း ဦးသက်နိုင်၏သတင်းပေးချက်အရ ပဲခူးမြို့နယ်သစ်တောဦးစီး
အရာရှိ ဦးမျိုးလွင်နှင့် ဆင်ဆရာဝန် ဒေါက်တာကျော်စိုး၊ထန်းတောကြီးရဲစခန်းမှ ဒုရဲအုပ်အောင်ကျော် ထူးတို့အဖွဲ့မှ သက်သေ များနှင့်အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ ၄င်းနေရာတွင်
အသက်(၂၅)နှစ်ခန့်၊အရပ် (၇)ပေခွဲရှိဆင်ထီးတစ်ကောင်ရှေ့ဝဲလက်၊ဦးခေါင်းနှင့်ဝဲဘက်ချိုင်းအောက် တွင် သေနတ်ကျည်ဆံ ထိ မှန်ပြီးဒဏ်ရာများဖြင့်သေဆုံးနေကြောင်းနှင့်ဆင်ထီး၏အစွယ်မှာ လည်းဖြတ်တောက်ထားခြင်းခံရသည်ကိုတွေ့ရှိရသည်။၎င်းဆင်မှာလွန်ခဲ့သော(၅)ရက်ခန့်က

 သေဆုံးနေကြောင်း ဆင်ဆရာဝန်၏စစ်ဆေး ချက် အရ သိရှိရပြီး အဆိုပါဆင်အားတာဝန်ရှိသူ
များမှ မီးရှို့ဖျတ်ဆီးခဲ့ပြီး ဆင်အားသတ်ဖြတ်၍အစွယ် ဖြတ်တောက်ခိုးယူသွားသူအား စုံစမ်း အရေးယူပေးပါရန် သစ်တောဦးစီးဌာနမှ တရားလိုပြုလုပ်၍ တိုင် တန်းထားကြောင်းသိရှိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။