Friday, June 22, 2012

ရန်ကုန်-စစ်တွေ သွား သင်္ဘောနစ်မြုပ်

ရန်ကုန်မှစစ်တွေသို့တိုးဖိုးကျပ်သိန်း နှစ်သောင်းကျော်တင် ဆောင်လာသောရွှေဇေယျာအောင် သင်္ဘော သည် ကျောက်ဖြူမြို့ မုဆိုးမ ကျောက်တန်း အနီးတွင် ဇွန် ၉ရက်က နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

တန်ချိန် ၃၀ဝခန့်ရှိသော အဆိုပါ သင်္ဘောတွင် ရန်ကုန်မှ စစ်တွေသို့ ကားနှစ်စီးအပါအဝင် ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ သကြား၊ ခေါက်ဆွဲ၊ ကျောင်းသုံးဗလာစာအုပ်၊ လူ သုံးကုန်၊ အလှကုန် ပစ္စည်းများ၊ အင်ဂျင် ဝိုင်များ၊ စားဖျော်ပစ္စည်းများကို ရန်ကုန် မှ စစ်တွေသို့ တင်ဆောင်လာကာ မောင်း နှင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါသင်္ဘောတွင် သင်္ဘော သား ၁၈ဦးပါဝင်ပြီး တစ်ဦးတစ်ယောက်မျှသေဆုံးခြင်းမရှိကြောင်း သိရသည်။



''သင်္ဘောက ၉ရက်နေ့ည ရ နာရီလောက်မှာ မြှုပ်တာဖြစ်ပါတယ်။ ပါ လာတဲ့ သင်္ဘောသား ၁၈ယောက်က ည ၁ဝနာရီမှာ ကျောက်ဖြူကို ပြန်ရောက်ခဲ့ ပါတယ်။ လက်ရှိကျွန်တော်တို့စစ်တွေကို ကုန်တင်နေတဲ့ သင်္ဘောတွ ထဲမှာ ဒီ သင်္ဘောက အကြီးဆုံး ပုဂ္ဂလိကသင်္ဘော ဖြစ်ပါတယ်။ ဒီကုမ္ပဏီက ပါဝင်တဲ့ သင်္ဘော က နှစ်စင်းရှိပါတယ်။ ရွှေဇေယျာ အောင်နဲ့ ရာဇာမင်းသင်္ဘောနှစ်စင်းထဲ မှာ ရာဇာမင်း သင်္ဘောက စစ်တွေ ကုလား တန်မြစ်မှာ ရောက်ရှိနေပါတယ်။ ဒီရွှေ ဇေယျာအောင်မှာ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်း တွေဟာ ရခိုင်ပြည်နယ်ကို ဖြန့်ဝေပေးမယ့် ပစ္စည်းတွေဖြစ်ပါတယ်။ ကုန်သည် ၆၅ဦးက စစ်တွေမှာ ရောင်းချ ဖို့ မှာယူ ခဲ့တဲ့ ပစ္စည်းတွေအကုန်လုံးပါ သွားတယ်။ လက်ရှိအခြေအနေကလဲ ရခိုင်ပြည်နယ်မှာ တည်ငြိမ်စပြုလာ ပြီဖြစ် ပေမယ့် ဒီသင်္ဘောမြှုပ်သွားပြီဖြစ်တဲ့ အတွက်ကြောင့်လဲ စားသောက်ကုန် တွေ အနည်းငယ်ဈေးတက် သွားရတာဖြစ်ပါ တယ်''ဟု ရခိုင်ပြည်နယ် ကုန်သည်များ နှင့် စက်မှုလုပ်ငန်း ရှင်များအသင်းမှတာဝန် ရှိသူ တစ်ဦး က ပြောသည်။

ယင်းသင်္ဘောနစ်မြုပ်ရခြင်းနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးမှလည်းရာသီဥတုကြောင့်လည်း
ဖြစ်နိုင်ပါတယ်၊သင်္ဘောပေါ်မှာကုန်ချိန်တွေများလို့လည်း ဖြစ်နိုင်ပါတယ်ဟုသုံးသပ်ပြော
သည်။အဆိုပါသင်္ဘောနှစ်မြုပ်သွားသည့် နောက်ပိုင်းတွင်စားသောက်ကုန်ပစ္စည်းများသည်ယခင်ကထက်၁၅ရာခိုင်နှုန်းဈေးမြင့်တက်သွားကြောင်းသိရသည်။ယခုအခါကုန်ဈေးနှုန်းများမမြင့်တက်စေရန်အတွက်သက်ဆိုင်ရာကတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။