Saturday, June 23, 2012

မြင့်တက်နေသောကုန်ဈေးနှုန်းများကြောင့် မြစ်ကြီးနားရှိစားသောက်ဆိုင်များအခက်တွေ့။

မြစ်ကြီးနားကန်ပိုင်တီလမ်းပျက်တောက်မှု၊လိုင်ဇာလမ်းပိတ်မှု၊မကြာသေးမီကရထားလမ်းမိုးအကြီးအကျယ်ရွာသွန်းပြီးတံတားကြိုးမှု၊တွဲချော်မှုတို့ကြောင့်မြစ်ကြီးနားမြို့ရှိအခြေခံစားသုံးကုန်များမှာ အဆမတန် ဈေးမြင့်တက်ခဲ့ပါသည်။ မြစ်ကြီးနားရှိAKစားသောက်ဆိုင်မှပြောပြချက်အရ"ဖွင့်လာတာတစ်နှစ်ရှိပြီ။ ပြီးခဲ့တဲ့လကမှအရှူံးနဲ့တွေ့ရတယ်။ ဆိုင်ကရောင်းရပါတယ်။ဒါပေမယ့်အသီးအရွက်တွေကဈေးတက်တော့ဝန်ထမ်းလစာတွေရှင်းပြီးတွက်ကြည်လိုက်တော့ပထမဆုံးတစ်ခါအရှုံးပေါ်တော့တယ်။ အဓိကထိတာကတော့ကုန်စိမ်းတွေပေါ့၊"လို့ပြောခဲ့ပါတယ်မြစ်ကြီးနားရှိကုန်ပစ္စည်းများ(ကုန်စိမ်းအပါအ၀င်) ကိုယခုအခါ လွယ်ကျယ် - ဗန်းမော်မှ အဓိက ၀င်ရောက်နေပြီး ကုန်တင်ခ မှာ ယခင်ကထက်၃-၄ဆခန့်မြင့်တက်နေခြင်း၊ ခရီးအချိန်ကြာမြင့်ခြင်း၊ မြစ်ကျဉ်းကိုဖြတ်ရချင်းကြောင့် အန္တာရာယ်များစွာဖြင့် ၀င်ရောက်ခြင်းတို့ကြောင်ါ ဈေးနှုန်းများအဆမတန်မြင့်တက်နေခြင်းဖြစ်သည်။ ဆောက်လုပ်ရေးသုံးပစ္စည်း များဖြစ်သောဘိလပ်မြေမှာလည်းယခင်၆၀၀၀ကျပ်ဝန်းကျင်မှ၁၀၀၀၀ကျပ်ဝန်းကျင်ထိမြင့်တက်ခဲ့ခြင်းကြောင့်ဆောက်လုပ်ရေးလုပ်ငန်းကိုထိခိုက်ခဲ့သည်။တည်ဆောက်ဆဲ မြစ်ကြီးနား ရေစဉ်ဈေးဆိုင်ခန်းများ မှာလည်း ကန်ထရိုက်က မကိုက်သဖြင့် တည်ဆောက်ရန်ကျန်ဆိုင်ခန်းများကို ယာယီရပ်တန့်ထားခဲ့သည်။ ထို့အပြင် လွန်ခဲ့သော ရက်ပိုင်းက ရထားလမ်းပျက်တောက်ခြင်းကြောင့် ကုန်စိမ်းများဖြစ်သော ခရမ်းချဉ်သီး မှ အစ ယခင်က ၁ပိသာ ၅၀၀ကျပ်ဝန်းကျင်မှ ၂၀၀၀-၃၀၀၀ကြားရောက်ရှိခဲ့ပြီး စားသောက်ဆိုင်များမှာ ကုန်စိမ်းလုဝယ်ရသည့်အဆင့်ထိ ပစ္စည်းပျက်ခဲ့ပါသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။