Saturday, July 7, 2012

ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။

အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက်အမြစ်တွယ်ဖြိုဖျက်ရခက်သည့်ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင်  မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။ ထို့ကြောင့်ထိုကိစ္စများထဲမှမိမိလက်လှမ်းမီရာများကိုလေ့လာဖော်ပြလိုက်ပါသည်..။


(၁)ဦးသိန်းစိန်အစိုးရသစ်လက်ထက်၂၀၁၀အတွင်းမှ..၂၀၁၂အတွင်းဖြစ်ပေါ်ခဲ့သောလယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ    =    ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သောကုမ္ပဏီများ၏ငွေမတန်တဆပေးချေကာ..လယ်မြေ/မြေယာသိမ်းယူမှုများ ပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခုအစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များဆက်တိုက် ဖြစ် ပွားနေခြင်း။  (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကိုဆန္ဒပြခြင်းဖြစ် ပါသည်။

(၂) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀အတွင်းမှ၂၀၁၂အတွင်းဖြစ်ပေါ်ခဲ့သောစက်မှု့ဇုံ အလုပ်သမားများ ဆန္ဒပြပွဲများ..
အဖြေ=ယခင်စစ်အစိုးရလက်ထက်၁၉၈၉မှစခဲ့သောအလုပ်သမားဥပဒေများ/အလုပ်သမား အကျိုးခံစားခွင့်များ(အခြေခံလစာဆိုင်ရာသတ်မှတ်ချက်များ)အားနည်းခြင်းကြောင့်အလုပ် ရှင်များနှိပ်ကွပ်သမျှနှစ်(၂၀)ခန့်နင်းပြားဖြစ်ခဲ့ရခြင်း။(ယခင်ကဆန္ဒပြလျှင်...ယခုလောက်
အလုပ်သမားဝန်ကြီးဌာနမှမဆောင်ရွက်ပဲမသိချင်ယောင်ဆောင်ထားခြင်းကအားလုံးအသိ
ပင်။

 (၃)ဦးသိန်းစိန်အစိုးရသစ်လက်ထက်၂၀၁၀မှ၂၀၁၂အတွင်းမော်တော်ယာဉ်လိုင်းများအားလုံးနီးပါးမှဖြစ်ပေါ်လာသောယာဉ်စည်းကမ်းဖောက်ဖျက်မှုများ။ယာဉ်မတော်တဆမှုများ.. အုပ်စုဖွဲ့အနိုင်ကျင့်မှုမှုများသိသာထင်ရှားလာခြင်း။
အဖြေ။  == ယခင် စစ်အစိုးရလက်ထက် မထသ နှင့် အပါအ၀င် အခြားယာဉ်လိုင်းစုံတို့အား စစ်မှုထမ်းဟောင်းများနှင့်စီးပွားရေးဦးပိုင်လီမိတက်တို့မှာအင်အားသုံးချယ်လှယ်နေကြသ
ဖြင့်လုပ်ချင်တာလုပ်နေကြခြင်။ယာဉ်ထိန်းရဲများအားလည်းလေးစားကြောက်ရွှံခြင်းမရှိတော့ဘဲငွေပေးရင်ရတယ်ဟုသောသဘောဖြင့်ပိုက်ဆံလိုချင်သောသူတောင်းစားသာသာဆက်ဆံခဲ့သည်မှာနှစ်ပေါင်းများစွာထုံးစံလိုဖြစ်နေခြင်း။
(မထသ ၃၅ လိုင်းဆိုလျှင် ယာဉ်ထိန်းရဲအား တိုက်သတ်မှုမှာ တစ်ခုထက်ပိုပါသည်။)


(၄)ဦးသိန်းစိန်အစိုးရသစ်လက်ထက်၂၀၁၀မှ၂၀၁၂အတွင်းရေအားလျှပ်စစ်စီမံကိန်းကြီးများကန့်ကွက်ခံ ရခြင်းနှင့်ရပ်တန့်ခံရခြင်း။
အဖြေ===ယခင်စစ်အစိုးရလက်ထက်ရေအားလျှပ်စစ်စီမံကိန်းများကိုကော်မရှင်ရလျှင်ပြီး
ရော/ဒေါ်လာရလျှင်ပြီးရောစိတ်ထားဖြင့်..MOUထိုးကာခွင့်ပြုခဲ့ခြင်း။လက်မှတ်ထိုးသူတာဝန်ရှိသူဝန်ကြီးများမှMOUတွင်ဘယ်လိုရေးထားသလဲဆိုတာတောင်သေသေချာချာမဖတ်ပဲ ဆုံးဖြတ်ခဲ့ကြခြင်း။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့်ပြည်သူလူထုကိုအကျိုးပြုခြင်းဆိုင်ရာEIA,SIAများကိုလျစ်လျူရှုကာ..ထင်သလိုပြုမူခဲ့ခြင်း။

(၅)အစိုးရသစ်လက်ထက်၂၀၁၀မှ၂၀၁၂တွင်ဖြစ်ပေါ်လာသောနယ်မြေတွင်းတရားမ၀င်/
တရားဝင်နည်းများဖြင့်စိမ့်ဝင်ပျံ့နှံ့လာသောဘင်္ဂလီများကြောင့်အရေးအခင်းများဖြစ်ပွားခြင်း။ရခိုင်တိုင်းရင်းသားများသေကြေပျက်စီးခြင်း
အဖြေ===ယခင်စစ်အစိုးရလက်ထက်နိုင်ငံတ၀ှမ်းမကြုံစဖူးအဂတိလိုက်စားမှုကြီးများဖြစ် ပေါ်ခဲ့ပြီးနယ်စပ်ဒေသ(ဘင်္ဂလား)မှဘင်္ဂလီများငွေပေးလျှင်အလွယ်တကူဝင်ရောက်လာခဲ့
ခြင်း။ထိုမှတစ်ဆင့် ပိုမိုများပြားလာခြင်း။လ၀ကဥပဒေခိုင်မာသောလည်းWhite card ကိုလူဦးရေငါးသိန်းနီးပါးကိုထုတ်ပေးထားခြင်းအပြင်လက်ရှိတရားမ၀င်လူဦးရေငါးသိန်းနီး
ပါး(အဂတိလိုက်စားမှုများအရ)ရခိုင်ပြည်တွင်းတွင်ရောက်ရှိနေခြင်း။ထို့အပြင်၁၉၈၉နောက် ပိုင်းမှဝင်ရောက်လာသောဘင်္ဂလီများကရန်ကုန်တွင်အခြေချကာနိုင်ငံတော်သူဌေးများ
အဆင့်အဖြစ်ရောက်ရှိနေခြင်။ထိုသူဌေးများထဲမှပြည်ခိုင်ဖြိုးအမတ်များအဖြစ်ရောက်ရှိနေ ကာရိုဟင်ဂျာကိုတိုင်းရင်းသားလူမျိုးအဖြစ်သတ်မှတ်ပြီးစိစစ်ရေးကတ်ပန်းရောင်ထုတ်ပေး
ရန်တောင်းဆိုသည်အထိဆိုးဝါးလားခြင်း။

(၆)ဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင်ရွှေတူးနှင့်သတ္တုတူးဖော်ထုတ်လုပ်သောကုမ္ပဏီရာပေါင်းများစွာမှအစိုးရသစ်သို့အခွန်ဆောင်ရန်ပျက်ကွက်ခြင်းနှင့်အလုပ်သမားများဆန္ဒပြခြင်း။ပညာရှင်များ/စစ်ဆေးရေးအဖွဲ့များဖြင့်ဖွဲ့စည်းဆောင်ရွက်ခြင်းမရှိသဖြင့်မြစ်ချောင်းများပတ်ဝန်းကျင်ညစ်ညမ်းခြင်း
အဖြေ ===ယခင်စစ်အစိုးရလက်ထက်မျက်နှာကြီးသူများသြဇာရှိသူများနှင့်(တရုတ်) သြဇာခံကုမ္ပဏီများအားရွှေတူးဖော်ခွင့်ပြုခြင်းအပြင်ဒေသအာဏာပိုင်များဝင်ရောက်စွက်
ဖက်ရန်မလွယ်သောအခြားလုပ်ပိုင်ခွင့်များကိုပေးထားခြင်း။ရင်းနှီးမြုပ်နှံမှုဥပဒေများခိုင်ခိုင်
မာမာမရှိခြင်း။

(၇)အစိုးရသစ်လက်ထက်၂၀၁၀မှ၂၀၁၂ခုနှစ်တွင်အစိုးရ၏လယ်လုပ်သူများလယ်ပိုင်ရေးနှင့်လယ်သမား များလယ်ပိုင်ရေးမျှော်လင့်ချက်များအားကြိုးစားသမျှအရာမထင်ခြင်။
ဖြေ=စစ်အစိုးရလက်ထက်၂၀၀၀၀န်းကျင်ခန့်မှစတင်ပြီး(ဦးရွှေမန်း၏သားပိုင်ဆိုင်သော)ဧရာရွေှ့ဝါ၊၀ါဝါ၀င်းအစရှိသောကုမ္ပဏီကြီးများကလယ်သမားကိုစပါးပေး(စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီးလယ်များကိုအပိုင်ရယူရန်(ချစ်တီး)များကဲ့သို့ကြိုးစားခဲ့ခြင်း။၂၀၀၈နာဂစ်အပြီးတွင်လည်း(ဦးတေဇပိုင်)ထူး..စသောကုမ္ပဏီများမှပြန်လည်ထူထောင်ရေးအကြောင်းပြကာလယ်ယာလုပ်ငန်းများတွင်ဝင်ရောက်ရင်းနှီးမြုပ်နှံလာကြခြင်း။ယနေ့အချိန်၂၀၁၂တွင်လယ်လုပ်သူလယ်သမားးများထက်ကုမ္ပဏီပိုင်လယ်များများပြားနေသလိုလယ်သမားအများစုမှာသူရင်းငှားအဖြစ်ကုမ္ပဏီလယ်များတွငပြန်လည်လုပ်ကိုင်နေရခြင်း။

(၈)အစိုးရသစ်လက်ထက်၂၀၁၀မှ၂၀၁၂တွင်နိုင်ငံအတွင်းအင်အားအကြီုံးဆုံးစီးပွားရေးလုပ်ငန်းစုကြီများ အခွန်ဆောင်မှုနည်းပါးခြင်း
အဖြေ=စစ်အစိုးရလက်ထက်(၁၉၈၈မှ၂၀၁၀)မှအစပြုကာအစိုးရထိပ်ပိုင်းခေါင်းဆောင်များ နှင့်ပလဲပနံသင့်နေသောကုမ္ပဏီများ၊တပ်မတော်ပိုင်စီးပွားရေးဦးပိုင်လီမိတက်နှင့်စစ်ထောက်ချုပ်ဦးဆောင်သောမြန်မာနိုင်ငံစီးပွားရေးကော်ပိုရေးရှင်း(MEC)အစရှိသည်တို့မှအခွန်ဆောင်မှုနည်းပါးခြင်းမှစတင်ကာယနေ့အချိန်အထိ အခွန်ရှောင်နေကြခြင်း။

(၉) အစိုးရသစ်လက်ထက် နိုင်ငံတကာမှ စီးပွားရေးကန့်သန့်မှုများ ပျက်ပြယ်ကာ စီးပွားရေးပိတ်ဆိုမှုကို လျှော့ချလိုက်သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်သေးခြင်း။
အဖြေ == စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ စတင်ကာ ယနေ့အထိ ပြဌာန်းထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ/အလုပ်သမားဥပဒေများ ခိုင်မာမှုမရှိခြင်း။ နှစ်ပေါင်းများစွာ ..အမိန့်ကြော်ငြာစာများဖြင့်သာ စီမံခန့်ခွဲခဲ့ခြင်း ..။ ယခု အစိုးရသစ်လက်ထက်တွင် ၂၀၁၂ တွင် မခိုင်မာ၊ ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဌာန်းနေရခြင်း။

(၁၀) အစိုးရသစ်လက်ထက် Myanmar အစား Burma ဟုသော အသုံးအနှုန်းကို ကန့်ကွက်ရန်ကြိုးစား ခြင်။။ လူငယ်များ တိုင်းရင်းသားများမှ Myanmar - Burma ဟုသော အသုံးအနှုန်းများအား ၀ိဝါဒ သဘောထား ကွဲလွဲစပြုလာခြင်း။
အဖြေ ==== ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ တွင် အင်္ဂလိပ်အသုံအနှုန်းများအား မြန်မာအသံထွက် ဖြင့် စာလုံးပေါင်းရန် သတ်မှတ်ခဲ့ခြင်းကြောင့် Burma ကို Myanmar ဟုသော စကားရပ်ဖြင့် ပြဌာန်းချက် ထုတ် ကာ အာဏာတည်စေခဲ့ခြင်း။

(၁၁) အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်များအား တင်သွင်းမှု ပေါ်လစီနှင့် အခွန်များ လျှော့ချကာ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူများ နစ်နာခဲ့ခြင်း။ စီးပွားရေးထိခိုက်လာခြင်း။
အဖြေ === ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ ကားတင်သွင်းမှုကို ကန့်သတ်ကာ ဦးပိုင်ကဲ့သို လုပ်ငန်းရှင်များကိုသာသီးသန့်ဖွင့်ပေးခဲ့ခြင်းကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ အတွင်းကားတစ်စီး၏ ပေါက်ဈေး မှာအဆ၁၀၀ နီးပါးခန့်တက်သွားခဲ့သဖြင့်ယခုလို ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင် နေချိန်တွင် ထိုအချိန် က ကားဈေးမြှင့်ကာဝယ်ယူထားသူများမှာ များစွာနစ်နာခဲ့ခြင်း။

အဲဒီကိစ္စများဟာ..၂၀၁၅အတွင်းမှာအားလုံးအဆင်ပြေသွားနိုင်ဖို့မလွယ်ပါ။အမြစ်ကအစနှုတ်ယူဖို့ဆယ်စုနှစ်များစွာအချိန်ယူရမှာပါ။...အစရှိတဲ့အထုပ်အရှုပ်တွေကိုလေ့လာရင်းနဲ့ပဲ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၄၅)ကိုပြန်လည်မြင်ယောင်မိပါတော့တယ်.။

 “ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေ များ၊စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်းကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက် များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်အကြောင်းပြုလျက်ယင်းတို့ အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”

ကဲ... ဘယ်လိုလုပ်ကြမလဲ....။
သမ္မတကြီးကတော့ ပြောပါတယ်..။ နောက်ကြောင်းပြန်မလှည့်ကြေး..တဲ့... သူပြောတာကို.. သဘောပေါက်သလိုလိုတော့ ရှိသား။

ရန်အောင်..

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။