Sunday, July 8, 2012

၈၈ပြည်သူ့အင်အားစုပါတီဝင် ၂၀၀၀၀ကျော် NDF ပါတီသို့ပြောင်းမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်နှင့်ပုသိမ်ကြီးမြို့နယ်တို့မှ ၈၈ပြည်သူ့အင်အားစုပါတီ၏ပါတီဝင်၂၀၀၀၀ကျော်က NDF ပါတီသို့ပါတီဝင်များအဖြစ် ပြောင်းလဲ ၀င်ရောက်တော့မည်ဖြစ်ကြောင်း ၈၈ပြည်သူ့အင်အားစုပါတီ ဥက္ကဋ္ဌဦးမြင့်ဦးကပြောသည်။ အဆိုပါ ပါတီဝင်များကို အမျိုးသားဒီမို ကရေစီ အင်အားစုပါတီက မန္တလေးတိုင်းဒေသကြီးရှိရုံးခွဲတွင် ဇူလိုင် ၅ရက်၌အ ခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း၊


နိုင်ငံရေးတိုက်ပွဲများတွင်NDFပါတီကနိုင်ငံရေးကိုသွားသည့်နေရာတွင်လမ်းကြောင်းမှန်နှင့်သွားနေသည်ဟုယူဆ၍NDFပါတီကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းပါတီဥက္ကဋ္ဌက ပြောသည်။၈၈ပြည်သူ့အင်အားစုပါတီကိုပါတီမှတ်ပုံတင်အမှတ် (၄၈)ဖြင့်ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီတည်ထောင်ခွင့်ရရှိခဲ့သော်လည်းကြားဖြတ်ရွေး
 ကောက်ပွဲ၌လစ်လပ်မဲဆန္ဒနယ်သုံးနေရာ မ ၀င်ရောက်နိုင်သဖြင့်ပါတီကိုဖျက်သိမ်းခဲ့ရသည်။

မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအင်အားစုပါတီအတွင်းရေးမှူးဦးအောင်ကျော်ကပါတီဝင်များကိုဇူလိုင်လပထမပတ် တွင်အခမ်းအနားဖြင့်ပါတီဝင်များအဖြစ်လက်ခံသွားမည်ဟုဆိုသည်။အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သို့ပါတီ ၀င်များအဖြစ်အင်အား၇၀၀၀၀ရှိသည့်ဦးအေးမြင့်ဦးဆောင်သည့်လမ်းပြကြယ်အဖွဲ့ဝင်များကိုလည်းဇွန် ၂၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များအဖြစ်လက်ခံခဲ့ကြောင်းရန်ကုန်တိုင်မ်းဂျာနယ်၌ဖော်ပြထားသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။