Wednesday, June 27, 2012

ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး

၂၀၁၁ နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏သမ္မတကြီး ဦးသိန်းစိန်ကအကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများပြည်တော်ပြန်ကြဖို့အရေးဖိတ်ခေါ်နေခဲ့သည်။အစိုးရ၏ကိုယ်စား
လှယ်များ၊ အကျိုးဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်းပြည်ပမီဒီယာများတွင်သတင်းအဖြစ်တွေ့နေကြရသည်။သို့သော်လည်းပြည်တော် ပြန်လိုသူမြန်မာတိုင်း လွတ်လပ်စွာပြန်ခွင့်ရနေသည်မဟုတ်ဟုအမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ပြောကြားသည်။
ဥပမာအားဖြင့်တပ်မတော်ကိုတော်လှန်ပြီးထွက်ခွာလာသူမြန်မာစစ်မှုထမ်းများ၊အစိုးရ၀န်
ထမ်းအဖြစ်မှမိမိသဘောအလျောက်နှုတ်ထွက်သွားသူမြန်မာအစိုးရ၀န်ထမ်းများပြည်တော် ပြန်ရေးအတွက်တိကျသောသဘောထားနှင့်တုန့်ပြန်မှုများမရှိသေးကြောင်းအချို့ကပြော
ကြားသည်။

လွန်ခဲ့သည့်လကပြည်တော်ပြန်ရန်လျောက်ထားသောအမေရိကန်နိုင်ငံသားခံယူထားသူပါရဂူဘွဲ့ရတဦးကပြောကြားရာတွင်မိမိ၏မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူကိုပါပေးပို့ပြီး ပြည်ဝင်ခွင့်ကိုလျှောက်ထားခဲ့ကြောင်း၊အဆိုပါပတ်စ်ပို့အချက်အလက်အပြည့်အစုံကို တင်သွင်းသည့်အတွက် မိမိ လျောက်လွှာကို နေပြည်တော်သို့ ပေးပို့ခဲ့သည်ဟု သိရကြောင်း၊ သို့သော်လည်း မိမိလျောက်လွှာကို အကုန်လုံး ပြန်ပို့ပေးလိုက်ကြောင်း၊ အဖြေကို မပြန်ကြားသည့်အတွက် မိမိ၏ ပြည်ဝင်ခွင့်ကို ငြင်းလိုက်သည်ဟု ယူဆနိုင်ကြောင်း ပြောကြားလိုက်သည်။

၂၀၁၀ နိုဝင်ဘာလတုန်းက မိုးမခသတင်းတခုတွင် မြန်မာတပ်မတော်၏ ဒီအက်စ်အေ အပတ်စဉ် ၁ ဆင်း တပ်မတော်အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရစ်ချတ်အောင်မြင့်ကို အစိုးရက မင်္ဂလာဒုံလေဆိပ်တွင် ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့သည်။ ဦးရစ်ချတ်အောင်မြင့်ကို အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက ဗီဇာပေးခဲ့သော်လည်း လေဆိပ်က ၀င်ခွင့်မပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာပြည်ပရှိ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့်ဟု ဆိုသည်။

ယခုလက်ရှိတွင် အမေရိကန်ပြည်ရှိ မြန်မာသံရုံးဝန်ထမ်းများက မြန်မာပြည်ကို လည်ပတ်ရန်လျောက်ထား သော အမေရိကန်နိုင်ငံသားခံ မြန်မာများကို လျင်မြန်ချောမွေ့သည် ၀န်ဆောင်မှုများ ပေးနေကြောင်း၊ မြန်မာပတ်စပို့ကိုင်ထားပြီး ပြည်တော်ပြန်လိုသည့် မြန်မာအမျိုးသားများကိုလည်း ၀င်ငွေခွန်ဆောင်ခြင်း၊ ပတ်စ်ပို့သက်တမ်းတိုးခြင်းတို့အတွက်သတ်မှတ်ထားသည့် နှုန်းထားများ ပေးဆောင်စေခြင်းဖြင့် ဆောင်ရွက် ပေး နေကြောင်း သိရသည်။
မိုးမခအထောက်တော် ၀၀၂၊

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။