Sunday, November 18, 2012

ဇာတ်လမ်းမဟုတ်ပါ

ဒီနေ့ TV ထိုင်ကြည့်နေရင်းက သဘောကျစရာ သတင်းဆောင်းပါးလေးတပိုဒ်
ကြည့်မိလို့ပါ။ ရဲတွေက ရာဇ၀တ်မူ့ကျူးလွန်တယ်လို့ယူဆရတဲ့ အိမ်ကိုဖျက်ဝင်
နေချိန် မလှမ်းမကမ်းမှာ ကလေး ငါးယောက်လောက်က ခြံဝန်း တခုထဲမှာကစား
နေကြတယ်။ ရဲတွေက အိမ်တံခါးကို ဖျက်နေတာလဲတွေ့ရော ကလေးတွေက
" ဘာလို့ အိမ်ကို ဖျက်တာလဲ..." ဆိုဝိုင်းအော်ကြတာ....( ကလေးတွေက ရှိလှမှ
၅နှစ် ၆နှစ် အရွယ်တွေ )...ဒီလိုနဲ့ ရဲတွေက သူတို့ဖမ်းစရာရှိတဲ့ တရားခံကိုဖမ်း
အပြီးမှာ..ရဲအရာရှိလုပ်သူက..ကလေးတွေရှိရာကိုလာ..မိဘတွေနဲ့တွေ့ ပြီး အဲဒီ
ကလေး ငါးယောက်ကို ရဲစခမ်းခေါ်သွားတယ်...။ ရဲစခမ်းရဲ့ ခန်းမတခုထဲမှာ စား
စရာမုံ့တွေ..ကစားစရာလက်ဆောင်တွေက အသင့်ပြင်ထားပြီးသား...ကလေး
တွေကို ရဲအရာရှိလုပ်သူက လူကြီးလူကောင်းတွေကြိုဆိုသလို လေးလေးစားစား
ကြိုဆိုတယ်...ပြီးတော့မှ...သူတို့ဘာ့ကြောင့် ဒီအိမ်ကို ဖျက်ပြီး ရာဇ၀တ်ကျူးလွန်
သူကို ဖမ်းဆီးရတာလဲဆိုတာ ရှင်းပြတယ်...။ကလေးတွေ သိချင်တဲ့ မေးချင်တဲ့
မေးခွန်းတွေကို မေးခိုင်းတယ်...မေးလာသမျှ မေးခွန်းများကို စိတ်ရှည်လက်ရှည်
ပျော်ပျော်ရွင်ရွင်ဖြေပေးတယ်...။( မေးခွန်းမေးတဲ့ကလေးတွေ ရဲ့မျက်နှာသွင်
ပြင်တွေက..ကြောက်ရွံ့တဲ့ လက္ခဏာ တခုမှ မရှိတဲ့ အပြင်...ကျနော် သိပ်သဘော
ကျတဲ့အချက်ထဲမှာ ကောင်မလေးတစ်ယောက်က မုံ့တွေကိုစားရင်း ပါးစပ်မှာ
ပေနေတယ်.......( ရဲအရာရှိကမေးတယ်...သမီး ဦးတို့ကို ကြောက်လားတဲ့..
ကောင်မလေးက မျက်စောင်းလေးထိုးရင်းပြန်ဖြေလိုက်တာက...ကြောက်ပါဘူးတဲ့ )
..............( ဇာတ်လမ်းမဟုတ်ပါ...တကယ်ဖြစ်ပျက်နေတာကို ပြန်လည်ရိုက်
ကူးတင်ပြထားချက်ပါ....)............။
 
credited to : maung maung wann

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။