အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း
နိုဝင်ဘာ ၁၉ ရက်(မနက်ဖြန်)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အိုဘား မား သည် အမေရိကန် သမ္မတများထဲတွင် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော သမ္မတဖြစ် သည်။) အမေရိကန်သမ္မတ အိုဘားမားရဲ့  မြန်မာနိုင်ငံခရီးစဉ်နဲ့  ပတ်သက်ပြီးတော့ ဝေဖန်တာတွေ.. အကြံပြုတာတွေ.. ကြိုဆိုတာတွေ.. ကန့် ကွက်တာတွေ.. ထင်မြင်ယူဆချက်တွေ.. ဒီရက်ပိုင်း ပလူပျံအောင် ထွက်နေတော့ ကုန်စင်အောင်တောင် လိုက်မဖတ်နိုင်တော့ဘူးဗျာ…ဒီကြားထဲ သူတို့ လွှတ်လိုက်လို့  လာရသ လိုတောင် ပြောသူကရှိသေး။
အမေရိကန်သမ္မတ အိုဘားမားက ဒီလိုတွေပြောလို့  နားယောင်မယ်များ ထင်သလားမသိဘူး..
ဒုတိယအကြိမ် သမ္မတသက်တမ်းအသစ် ပထမဆုံးခရီးစဉ်အဖြစ် စီစဉ်တာဆိုတော့ ခရီးသွားဟန်လွဲ အလည်ဝင်တာမျိုးထက် ပိုနိုင်ပြီး အစောကြီးကတည်းကကြိုတင်စီစဉ်ထားတာတွေကိုပါ တွေ့ လာရ ပါတယ်။
အမေရိကန်အစိုးရအနေနဲ့  သမိုင်းဝင် အမေရိကန်-မြန်မာဆက်ဆံရေး ရွှေလမ်းငွေလမ်း ဖောက်တဲ့ ခရီးစဉ်အဖြစ် ထင်မြင်ယူဆမိပါတယ်။
ကဲ.. အရေးကြီးတာပဲ ပြောရရင်ဗျာ…
ဒီခရီးစဉ်မှာ ရခိုင်အရေးနဲ့  ပတ်သက်ပြီး ဘယ်လိုရပ်တည်မလဲ.. ဘာတွေပြောသွားမလဲဆိုတာ အများစိတ်ဝင်တစားရှိနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်လို့ နေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် အနေနဲ့ ကတော ဘယ်လိုစကားမျိုးတွေသုံးရင် မြန်မာပြည်သူတွေက ဘယ်လို သဘောထားနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆလို့  အခြေအနေအားလုံးကို အစိုးရအဖွဲ့ ထံ တင်ပြပြီးသားဖြစ်မှာပါ..
ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာ ဒီဒေသတစ်ခုလုံးနဲ့  ပတ်သက်ပြီး လေ့လာထားတဲ့ သူအနေနဲ့  သူ့ တာဝန်ဟာ ရာထူးထက်ကြီးနေနိုင်ပါတယ်။
ကျုပ်တွေးမိတဲ့ရခိုင်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့  တုန့် ပြန်ဆောင်ရွက်ချက်နှစ်ခုကို
တယ်လို့  သတင်းကြားသိလိုက်တာနဲ့  တစ်ပြိုင်တည်း ဒီသတင်းတွေဟာ အခြေအမြစ်မရှိတဲ့ ကောလ
ဟလ သတင်းတွေပါဆိုပြီး အဲ့ဒီအစည်းအဝေး မပြီးခင် နာရီပိုင်းအတွင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်လို့  နောက်ရက် ဆက်လက်ဆွေးနွေးဖို့ အခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါ
တစ်ချက်…
(၂) ဒုတိယ အရေးအခင်း ဂြိုလ်တုကနေ ဘယ်လိုမှတ်တမ်းယူထားတယ်… ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာတော့ ဒဲရစ်မစ်ချယ်ကိုယ်တိုင် ရခိုင်သွား လေ့လာတယ်.. အားလုံးနဲ့ တွေ့ ဆုံမေးမြန်း တယ်.. ပြန်လာတယ်..ဘာသံမှထွက်မလာပဲငြိမ်ပေးလိုက်တယ်..ဒီသတင်းနဲ့ ပတ်သက်ပြီး
လော်ဘီလုပ်ပေးခဲ့တဲ့ သတင်းဌာနတွေ နောက်ထပ်ဘာသံမှ ထွက်မလာတော့ဘူး။ ဒါက
တစ်ချက်ပေါ့….
ဒီတော့ အမေရိကန်ရဲ့  ပညာသားပါပါ မြန်မာဖက်က ရပ်တည်ပေးခဲ့တာ တွေ့ နိုင်ပါတယ်..
ဆိုတော့ကာ.. မြန်မာအနေနဲ့  သိပ်ပြီးတွေးပူစရာ မရှိဘူးထင်ပါတယ်ပြောသွားခဲ့ ရင်တောင် ကိုယ့်ခြေထောက်ပေါ် ရပ်တည်လာတဲ့ မြန်မာအနေနဲ့  သတိဆွဲလိုက်ရုံအပြင် ပြဿနာမရှိနိုင်ပါဘူး။
အိုဘားမားအနေနဲ့  သူတို့ အကြိုက် ပြောလာခဲ့ရင်တောင် သံခင်း..တမာန်ခင်း.. စကားလုံး လှလှလေးတွေနဲ့  သုံးသွားနိုင်ပါတယ်။
အရေးကြီးဆုံးတစ်ခု သတိရှိရမှာကတော့ သူဘာမှ မပြောပဲနေခဲ့ရင်တော့ သူတို့ မျှော်လင့်ချက် သဲထဲရေသွန် ဖြစ်ခဲ့လို့  တတိယလှူပ်ရှားမှု့ မျိုးကို ဖော်ဆောင်လာနိုင်ပါတယ်။
အားလုံးသတိရှိစေချင်ပါတယ်။သူတို့ ထောင်ချောက်ထဲ စိတ်လိုက်မာန်ပါ လိုက်မသွားမိဖို့  လိုပါတယ်။
တိုးလာမဲ့ ခြေလှမ်းတိုင်းကိုတရားဥပဒေဘောင်ထဲကနေထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ 
ပြတ်ပြတ်သားသား အရေးယူနိုင်ဖို့  လိုပါတယ်။
ဒါကတော့ ပြည်သူပြည်သားတစ်ယောက်ဖြစ်တ
အမိမြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ………
(အက်ရှင်ဘဘ ဒီမို)
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။