Friday, November 29, 2013

မော်ကျွန်းမြို့ တွင် အဝေးပြေး ယာဉ်ရပ်နား စခန်းတည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြိုနယ် အဝေးပြေး ယာဉ်ရပ်နား
စခန်းတည်ဆောက်ရေးကော်မတီမှ မော်လမြိုင်ကျွန်းမြို့ နယ် တယ်ချောင်း
ကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ၊ ရာဇူဒိုင်အမှတ်(၂) တံတားအဆင်း
ပေ ၁၈၀ x ၆၅၄ ပေ ရှိ မော်လမြိုင်ကျွန်းမြို့ နယ်မော်တော်ယာဉ်လိုင်းပေါင်း
စုံထိမ်းသိမ်းကြီးကြပ်မှုကော်မတီမြေ နေရာတွင် ဂိတ်ခန်း ၊ဆိုင်ခန်း များကို
နိုဝင်ဘာ ၂၅ ရက်နေ့ မှစတင်ဆောက်လုပ်ရောင်းချမည်ဟုသိရသည်။

အဆိုပါကိစ္စနှင်ပတ်သတ်၍အဝေပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရေးအ
စည်းအဝေးပွဲကို နိုဝင်ဘာလ ၂၇ ရက် နေ့  နေလည် ၃ နာရီ က မော်ကျွန်းမြို့ စည်ပင်သာယာရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အဝေးပြေးကားကွင်းတည်ဆောက်ရေးကော်မတီဥက္ကဌ ဒေါက်တာလှဟန် မှအဖွင့်အမှာစကားပြောကြားပြီး ဂိတ်ခန်း ၊ဆိုင်ခန်း များအား နိုဝင်ဘာ ၂၅ ရက်နေမှစတင်၍ ငွေပေးသွင်းသူများကို
ဦးရာလူစနစ်ဖြင့် စတင်ရောင်းချထားကြောင်း၊ဝယ်ယူသူများအနေဖြင့်
ဒေါင့်ခန်းများသာအဓိကဝယ်ယူနေခြင်း၊ဒေါင့်ခန်းမရပါကဝယ်ယူခြင်းများ
ခေတ္တရပ်ဆိုင်းသွားနိုင်သဖြင့် ဦးရာလူစနစ်ဖြင့်ရောင်းချပါကြောင်း
တင်ပြဆွေးနွေးသွားပါသည်။

အဝေးပြေးကားကွင်းတည်ဆောက်ရေးကော်မတီအဖွဲ့ ဝင်ဦးခင်မောင်ဇင်မှ ဦးရာလူစနစ်ဖြင့်ရောင်းချခြင်းအားကန့် ကွက်ခဲ့ပြီးပထမဆိုင်ခန်းများကို
ိုဝယ်ယူသူ ရှစ်ဦး စုံလင်ပါက မဲနိုက်ရောင်းချသင့်ကြောင်း၊နောက်ထပ်
ဆောက်လုပ်မည့်ဆိုင်ခန်းများကိုငွေအချိန်မီပေးသွင်းသူများအားကြိုက်နှစ်
သက်ရာဆိုင်ခန်းနေရာကိုဦးစားပေးရောင်းချရန်တင်ပြဆွေးနွေးခဲ့ပါသည်။

အဝေးပြေးကားကွင်းတည်ဆောက်ရေးကော်မတီအဖွဲ့ ဝင် ဦးနေမျိုးလင်း
(မြို့ နယ်စည်ပင်သာယာအမှုဆောင်အရာရှိ) မှအဆောက်အဦး ဂိတ်ခန်း ၊ဆိုင်ခန်း များတွင်မျက်နှာစာကျနေထိုးသောဆိုင်ခန်းများကိုကြိုက်နှစ်သက်
မမှုရှိသောဝယ်ယူသူများအတွက် ပထမအဆောင်ဂိတ်ခန်း၊ဆိုင်ခန်း
(၁၁)ခန်း၊ ဒုတိယ ဂိတ်ခန်း၊ဆိုင်ခန်း(၉)ခန်းနှင့် တတိယ ဂိတ်ခန်း၊ဆိုင်ခန်း
(၉)ခန်းဆောက်လုပ်သွားရန်တင်ပြဆွေနွေးခဲ့သည်။

ထိုနောက်အစည်းအဝေးဆုံးဖြတ်ချက်အရ ဂိတ်ခန်း၊ ဆိုင်ခန်းများအား အမြန်ပြီးစီးနိုင်ရေးအတွက်ငွေအရင်ပေးသွင်းသူကိုမိမိကြိုင်နှစ်သက်ရာဆိုင်
ခန်းများ ဦးစားပေးရောင်းချသွားမည်ဖြစ်ကြောင်း၊ ပထမအဆောင်ဂိတ်ခန်း
၊ဆိုင်ခန်း(၁၁)ခန်း၊ ဒုတိယ ဂိတ်ခန်း၊ဆိုင်ခန်း(၉)ခန်းနှင့်  တတိယ ဂိတ်ခန်း၊ဆိုင်ခန်း(၉)ခန်းဆောက်လုပ်သွားမည်ဟုသိရသည်။


Source : Maw Gyun City fb

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။