Friday, November 29, 2013

တစ်ဖက်နိုင်ငံမှရခိုင်မျိုးနွယ်စုမိသားစုဝင်များ မောင်တောနယ်စပ်သို့ဝင်ရောက်

တစ်ဖက်နိုင်ငံမှ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၁၁ စုမှ အိမ်ထောင်စုဝင် ၅ဝ တို့မှာ
 မောင်တော နယ်စပ် ဝေလာတောင်နယ်ခြားမှ တစ်ဆင့် နယ်စပ်ကိုဖြတ်ကျော် ဝင် ရောက်လာပြီး မောင်တောမြို့ ဗဟိုကျောင်းတိုက်တွင် ခိုလှုံနေကြ ကြောင်း
သိရသည်။
ယခင်နှစ်ကလည်း နယ်စပ်ကို ဖြတ်ကျော်ပြီး ကျောက်တော်မြို့နှင့်မောင်တောမြို့များ သို့ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် အိမ် ထောင်စု ၁၃ဝ ခန့်နှင့်အိမ်ထောင်စုဝင် 

၁၂ဝဝ ခန့် ဝင်ရောက်လာခဲ့ရာယင်းတို့အားရခိုင်ဒေသခံလူမှုရေး အဖွဲ့အစည်း
များကလက်ခံကူညီစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး ပြည်နယ်အစိုးရက မောင်တော နယ်စပ်ကျေးရွာများတွင် နေရာချ ထားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မိသားစုဝင်
များသည် ၂ဝ၁၂ ခုနှစ် ဇွန်လနှင့်အောက်တို ဘာလအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွား
ခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကိုအခြေပြု၍ ဆူပူ အကြမ်းဖက်တိုက်ခိုက်မှုများ
 ရှိလာ နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓ ဘာသာဝင်မိသားစုများမှာ လုံခြုံမှု မရှိဖြစ်လာ သဖြင့် မြန်မာနိုင်ငံဘက် သို့ ဝင်ရောက်ခိုလှုံလာကြခြင်းဖြစ် ကြောင်းသိရသည်။
မောင်တောမြို့ ဗဟိုကျောင်း တိုက်ဆရာတော်က ''ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ

ဝင် ရခိုင် မျိုးနွယ်စုတွေ အခုပွင့်လင်းရာသီ မှစပြီးဝင်လာနေကြပြီ။ ဆက်လက် ပြီး ဝင်လာမယ်လို့လဲသိရတယ်။ အခုလဲ ကျောင်းမှာ အိမ်ထောင်စု ၁၁ စု မိသားစုဝင် 
၅ဝ ကျော်ကို ဆရာတော်ကကူညီထောက်ပံ့ပေး ထားရတယ်။ သူတို့အတွက်အကူ အညီအထောက်အပံ့တွေအများကြီး လိုအပ်နေသေးသလို နောက်ထပ် လာမယ့် သူတွေအတွက်လဲကြိုတင် ပြင်ဆင်မှုတွေလုပ်ထားဖို့ လိုဦး မယ်''ဟုပြောကြားခဲ့သည်။

နုနုနွေ(ဓညဝတီ)
စစ်တွေ နိုဝင်ဘာ ၂၈

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။