Wednesday, October 12, 2011

ထိုင်းနိုင်ငံ အတွင်း မြန်မာတိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေးဝါးများဖမ်းဆီးခံရခြင်း

အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် Chiang
Sean ခရိုင်အတွင်းရှိ မဲခေါင်မြစ်ထဲမှာ  လူသေအလောင်း ၁၂ လောင်းမျောပါလာ တာ           ကိုတွေ့ရပါတယ်။ အလောင်းအများစုကတော့ လက်နောက်ပြန် လက်ထိပ်ခတ်ထား                                 ရပြီး ထိုင်းရဲတပ်ဖွဲ့က Pol.Col.Popkorn Khuncharoensuk က သေဆုံးသူများမှာ ၅ ရက်နေ့                           က Pha Muang တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့တရုတ်သင်္ဘောမှ သင်္ဘောသားတွေဖြစ် တယ်လို့ပြောပါတယ်။ ထိုင်းအာဏာပိုင်များက တရုတ်သံရုံးကို အကြောင်းကြားပြီး တရုတ်      သံရုံးကလူးတွေ လာရောက်စစ်ဆေးပြီးတော့ ဒီတရုတ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေ       ဖြစ်ပြီးတော့ ၅ ရက်နေ့ မတိုင်ခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေရဲ့ အပိုင်စီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေအနေနဲ့ မြန်မာနိုင်ငံ အတွင်း                  က မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ သင်္ဘောတွေကို သုံးလိုတာကြောင့် သတ်လိုက်တယ်             လို့ ထိုင်းအာဏာပိုင်တွေက ယူဆကြပါတယ်။ ထိုင်း Pha Muang အဖွဲ့က အောက်တိုဘာလ ၅ရက်နေ့          က မဲခေါင်မြစ်ထဲမှ ကုန်တင်သင်္ဘော နှစ်စင်းကိုစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာမရပ်ပဲ မောင်းပြေး သွားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် Pha Muang အဖွဲ့က ပြန်လည်ပစ်ခတ်ရာ တစ်ယောက်သေ   ဆုံးပြီး ကျန်လူများ ရေထဲ ခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ၄င်းသင်္ဘောနှစ်စီးကို စစ်ဆေးရာ  စိတ်ကြွဆေးပြား ၅၆၀၀၀၀ ခန့် ကာလတန်ဘိုး ထိုင်းဘတ် သန်း ၁၀၀ ကျေုာ် သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောကြားပါတယ်။
*စိတ်ကြွ မူးယစ်ဆေးဝါးများ*
အမှတ် ၃ စစ်တိုင်းမှူး Lt.Gen.Wantipy က ဖမ်းမိသော မူးယစ်ဆေးဝါးတွေဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ UWSA နဲ့  SSA (တောင်ပိုင်း)အဖွဲ့တို့မှ ပေးပို့တဲ့ဆေးပြား များ ဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပြားများကိုတော့ ထိုင်း - မြန်မာနယ်စပ်ရှိ တရုတ်တစ်ဦးပိုင်သော
လောင်းကစားရုံတွင် အရောင်းအ၀ယ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးပြားများကိုတော့တရုတ်  သင်္ဘောတွေက သယ်လာတာ ဟုတ် / မဟုတ်ကိုတော့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။ ထိုင်း အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ဗိုလ်ချုပ်ပန်ဖဦးစီးသော SSA(တောင်ပိုင်း)အဖွဲ့အား
စောင့်ကြည့်နေခြင်း အကျိုးကျေးဇူးအဖြစ် မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခြင်းဖြစ်သည်။ တရုတ်အစိုးရ ဘက်မှလည်း နယ်စပ်ရှိ UWSA *“၀”*အဖွဲ့ ၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ်ရေး အကဲခတ် ဦးအောင်မြင့်မှ ပြောကြားခဲ့ပါတယ်။  

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။