Wednesday, January 16, 2013

အမေစုသို့ ချစ်ခင်စွာဖြင့် အကြံကောင်းပေးခြင်း

၁။မိသားစုတစ်ခုတွင်သားသမီးအကျိုးပေးသည်။အကျိုးမပေးစသည်ဖြင့်မှတ်ယူသည့်အယူအဆများ ရှေး ယခင်ကပင်ယနေ့ကလတိုင် မြန်မာလူမျိုးများတွင်ရှိသည်။လက်ခံကြသည်။အမေစု မွေးပြီး ကတည်း က ဖခင်ဗိုလ်ချုပ် တစ်ရက်ကလေးမှ မနားရ ၊ ယခင်ကထက်ပင် အဆ ၁၀၀ ကျော် အလုပ် လုပ်ရသည်။ နောက်ဆုံး အမေစု ၂ နှစ်သမီးရောက်တော့ ဖခင်ဗိုလ်ချုပ် လုပ်ကြံခြင်းခံရသည်။
ထို့ကြောင့် တရားသဘောဖြင့်ကြည့်လျင် ဖခင်လုပ်ကြံခြင်းခံရသည့် ကိစ္စ သားသမီးတွင်ပါလားသော အကုသိုလ်ကံနှင့်လည်းဆက်နွယ်မှုရှိပေသည်။
၂။ လူမမယ် ခလေးအရွယ်တွင် မိဆုံဖဆုံဖြင့် မနေခဲ့ရသည့် ကလေးများ သနားစဖွယ်ကောင်းသည်။ သူများတွေ ဖေဖေ ဖေဖေ ခေါ်ကြသည်။ ထိုခလေးများခေါ်စရာအဖေမရှိ၊ အဖေဖြစ်သူ ကျောင်းလိုက်ပို့ သည်။ ပွဲဈေးလိုက်ပြီး အရုပ်ခလေးတွေ ၀ယ်ပေးသည်။ မိမိလည်းလိုချင်သည်။သို့ပေမဲ့ မိမိမှာဝယ်ပေး မဲ့ ဖေဖေမရှိ၊ ထိုခလေးများ ဘ၀ အလွန်သနားစရာဖြစ်သည်။ ဘာသာတရားအမြင်ဖြင့်ကြည့်လျင် ယခင် ဘ၀ကထိုကလေးပြုခဲ့သောအကုသိုလ်ကံကြောင့် ယခုဘ၀တွင်လူမမယ်ကတည်းကမိစုံဖစုံဖြင့် မနေ  ရခြင်းဖြစ် သည်။ ၃။ သတ္တ၀ါတို့၏ပင်ကိုသဘာဝအရမိမိမွေးဖွားရာပတ်ဝန်းကျင်တွင်သာ နေချင်သည်။ ကျင်လည်ချင် သည်။မိမိဇာတိရေမြေတွင်သာရှင်သန်ကြီးထွားချင်ကြသည်။ အိမ်သာတွင်းထဲ တွင် နေ ရသောလောက် ကလေးဖြစ်နေစေပါမူ လောက်ဖြစ်ရသည့်ဘ၀ အိမ်သာကျင်းထဲမှာဘဲပျော်သည်။ အမေစုခလေး အရွယ်   က ဘယ်မှာနေချင်လည်းမေးကြည့်လျင် အခါ ၁၀၀ မေးလျင် ၁၀၀လုံး မြန်မာပြည်မှာနေ ချင်သည်။ မြန် မာပြည်မှာဘဲပျော်သည်ဟုဖြေခဲ့လိမ့်မည်။သို့သော်အမေစုကလေးဘ၀ကတည်းက ဆွေမျိုးသားခြင်းများ၊ တမြေ တည်းနေ၊ တရေတည်းသောက်သူ ငယ်ချင်းများနှင့် မနေခဲ့ရရှာပေ၊ ပိုဆိုးသည်က တိုင်းတပါး   ရေခြား၊မြေခြားတွင် ဘာသာမတူ၊ ယဉ်ကျေးမှု ဓလေ့ထုံစံ မတူသည့်သူများ၏ ပတ်ဝန်းကျင်တွင် ဘ၀ကို ရှင်သန်ကြီးထွားခဲ့ရရှာသည်။ ထို့အတွက် အမေစု ခမျာ မြန်မာကလေးငယ်ကလေးများလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတက်ရခြင်း၊ ဘုရားကျောင်းကန်သွားခြင်း၊ လူကြီးမိဘတို့အား နေကြီးအခါကြီးများ   တွင်ကန်တော့ရခြင်းစသည်တို့ ပြုလုပ်ခဲ့ရခြင်းများအလွန်နည်းခဲ့ရရှာလိမ့်မည်။ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ် ခဲ့သော်လည်း ဘာသာတရားနှင့် ထိတွေ့ခွင့် နည်းခဲ့ရရှာသည်။
၎။ လောကသဘာဝ လူတို့ပေါင်းဖက်ခြင်း၊ အိမ်ထောင်မှုပြုခြင်းတို့တွင် မျိုးနွယ်တူ၊ဘာသာတူ၊ ယဉ်ကျေးမှု ဓလေ့တူသည့် လူမျိုးအခြင်းခြင်းသာ လက်ထပ်ထိမ်မြား၊ အိမထောင်မှုပြုခြင်း တို့ကိုပြုလုပ်ကြပေသည်။ ဥပမာအားဖြင့် ဘုရားမျိုးနွယ်ဖြစ်သော သာကီဝင်မင်းမျိုးတို့သည် သာကီဝင်မင်းမျိုးအခြင်းခြင်းသာ လက်ထပ်ထိမ်းမြှားပေးလေ့ရှိသည်။ ပဉ္စလရာစ် မင်းမျိုးတို့သည် ပဉ္စလရာစ်မျိုးအခြင်းခြင်း သာ သွေးနှောကြသည်။ တိုင်းတပါသား လူမျိုးခြားသွေး အနှောမခံပေ။ ဘာသာရေးဖြင့်လည်း ကြည့်ကြသည်။ ခရစ်ယာန်ဘာသာဝင်များက ခရစ်ယာန်အချင်းချင်း၊ ဟိန္ဒူ၊မွတ်စလင်၊စသည့်  ၄င်းတို့ ဘာသာတူသူအချင်းချင်းသာ လက်ထပ်ထိမ်မြှားကြသည်။ ၄င်းအချက်သည် ပဥာပ်ချက်မဟုတ်သော်  လည်း လိုက်နာရမည့် ပရမတ် ဖြစ်သောကြောင့် လိုက်နာကြရသော အချက်ဖြစ်သည်။ မြန်မာပြည် မှ နိုင်ငံခြားတွင် နေထိုင်ကြသူများ၊ ကြီးပြင်းကြရသူများ အမြောက်အများရှိသည်။ သို့သော် ၉၉.၉၉% သည် မြန်မာပြည်မှလူမျိုးအချင်းချင်း ထိန်းမြှားလက်ထပ်ကြသည်။ပရမတ်ကို ပင်ကိုအသိဖြင့် လိုက် နာကြသည်။ အမေစုခမျာ တိုင်းတပါးလူမျိုးများကြားတွင်ထိတွေ့နေထိုင်ခဲ့ ရသောကြောင့် ပရမတ်ကို လိုက်နာချင်သော်လည်း လိုက်နာခွင့်မရခဲ့ဘဲ တိုင်းတပါးလူမျိုးခြားနှင့် အကြောင်းပါခဲ့ရရှာသည်။
၅။ လူဘ၀သည် အမြဲတည်း တသမတည်တည်းမရှိပေ၊ ရေကြည်ရာ၊ မြက်နုရာသို့ ပြောင်းရွှေ့နေ ထိုင်ကြ     ရသည်မှာဓမ္မတာဖြစ်ပေသည်။အမေစုခင်မျာအသက်၄၀ ကျော်အရွယ်အထိတိုင်းတပါးတွင် နေထိုင်ခဲ့ရရှာ သည်။ အသက် ၄၀ ကျော်တွင် မွေးမိခင် ဒေါ်ခင်ကြည်ကျမ္မာရေး အသဲအသန်ဖြစ်၍ မြန်မာပြည်ပြန် လာရသည်။ အနှစ် ၄၀ လုံးလုံး နိုင်ငံခြားတွင်နေထိုင်ခဲ့ရစဉ်က ပညာရေး၊ကျမ္မာရေး၊လူမှုရေးနှင့် အချိန်ကုန်ခဲ့ရသည်။ သားသမီး၊ယောင်္ကျားတို့နှင့် မအားလပ်နိုင်ဘဲ မိခင်ကောင်းတစ်ယောက်အတွက်  အိမ်မှုကိစ္စများနှင့်လဲ အချိန်တွေပေးခဲ့ရသည်။ ကျန်တာတွေအတွက် အချိန်မပေးနိုင်ခဲ့ပေ၊ကျန်တာတွေခေါင်းထဲမှာ မထည့်နိုင်ခဲ့ပေ။ မြန်မာပြည်ပြန်ရောက်မှ ရုတ်တရက် တိုင်းပြည်နှင့်လူမျိုးကိုချစ်စိတ် ဗြုံး စားကြီးပေါ်လာခဲ့သည်။ အသက် ၄၀ ကျော်မှရုတ်တရက်ပေါ်လာသောတိုင်းပြည်ချစ်စိတ်ကြောင့် ပြင်းပြင်း ထန် ထန် ကြိုးစားခဲ့သည်။ နေမနားညမနား အလုပ်လုပ်ခဲ့သည်။ နေအိမ်အကျယ်ချုပ်အကြိမ်ကြိမ်အကျခံရသည် အထိ အလုပ်လုပ်ပေးခဲ့ရှာသည်။ မြန်မာပြည်တွင် နေရသည့်ကာလတစ်လျောက် လုံး နေအိမ် အကျယ်ချုပ်ဘ၀နှင့်သာ ကျင်လည်ရှာခဲ့ရသည်။ ပတ်ဝန်းကျင်၊လူလောကကြီး တွင် ပြောင်း လဲနေသော နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးတို့နှင့် အချိန်အတော်ကြာ အဆက်ပြတ်ခဲ့ရပြီး အတွေး အခေါ်များလှောင်ပိတ်နေသည့် ဘ၀နှင့် နေခဲ့ရရှာသည်။
၆။ လူတို့တွင် အရွယ်သုံးပါးဟူ၍ရှိသည်။ ပထမအ၇ွယ်ပညာရှာ ၊ဒုတိယအရွယ်ဥစ္စာရှာ၊တတိယ အရွယ် တရားရှာ ရမည်ဟု အရွယ်သုံးပါ အလိုက်လုပ်ဆောင်ရမည့်အချက်များ ပရမတ် ရှိပေသည်။
လိုက်နာဆောင်ရွက်ပါကအကောင်းဆုံးဖြစ်ပေသည်။ သို့သော်လူအများစုမလုပ်နိုင်ကြပေ။ အကြောင်းမှာ အခြေအနေအကြောင်းကြောင်း နှင့် ဘ၀ပေးကံအကြောင်းတို့ကြောင့်ဖြစ်သည်။ သို့သော် ပထမအရွယ်နှင့် ဒုတိယအရွယ်တွင်သာ ပညာနှင့် ဥစ္စာပြည်စုံအောင်ရှာနိုင်ခဲ့သည်ဖြစ်စေ မရှာနိုင်ခဲ့ သည်ဖြစ်စေ... တတိယအရွယ်တွင်မဖြစ်မနေ တရားရှာကြတော့သည်။ အသက်ကြီးလာလျင် ဘုရား၊ကျောင်းကန်သွားမည်၊ ဥပုရ်သီလယူမည်၊ ဘာသာတရာနှင့်ဘဲမွေ့လျော်မည်။ ကျန်တာဘာမှစဉ်းစားရန်မလိုတော့ဟု ပရမတ် သဘောအရ လိုက်နာကျင့်သုံးကြသည်။ မလိုက်နာ၍ မရသော အဓိက အကြောင်းတရားရှိသည်။ လူတို့ အိုလာလျင် ၉၉ % သည် အသိဥာဏ် ချို့ယွင်းလာတတ်ကြသည်။ ငယ်မူပြန်လာသည်ဟုခေါ်ဆိုကြသည်။ အသက်ကြီးလာလျင် အာရုံများချို့ယွင်းလာကြသည်။ ဦးနှောက်ကောင်းမွန်စွာအလုပ်မလုပ်နိုင်တော့ဘဲ ထင်ရာ ပြောတတ်၊လုပ်တတ်သည်။ စဉ်းစားတွေးခေါ်မှု အားနည်း လာကြသည်။ အာရုံများ၍ မရတော့ပေ။ အထူးသဖြင့် အမျိုးသမီးများသည် ပိုဆိုးသည်။ အမျိုးသမီးများ အသက် ၆၅ နှစ်ကျော်လာလျင် တဖြည်းဖြည်း ငယ်မူပြန်လာပြီး ထင်ရာ ပြောဆိုတတ်ကြသည်။ အာရုံကြောများ ကောင်းမွန်စွာ အလု့ပ်မလုပ်နိုင်တော့ပေ။ အထူးသဖြင့် ဘ၀တစ်လျောက်လုံး လောဘ၊ဒေါသ စိတ်ပန်းလူပန်းနေခဲ့ရသော အမျိုးသမီးများဆိုလျင် ငယ်မူပြန်သည့်အဖြစ်ကို အသက် ၆၅ နှင့် ၇၀ ကြားတွင် မလွဲမသွေခံစားကြရပေသည်။
၇။ ကျွန်ုပ်တို့ချစ်လှစွာသော ပြည်သူ့များအချစ်တော် ကျွန်ုပ်တို့ဖခင်ဗိုလ်ချုပ်၏သမီး အမေစုသည် အသက် ၄၀ မှ ယခု အသက် ၆၇ နှစ်ကျော်လာသည့် ၂၇ နှစ်လုံးလုံး တတိယအရွယ်အထိ ပြည်သူလူထုအတွက် မနားမနေအလုပ်လုပ်ခဲ့ရရှာသည်၊ မနားမနေ နယ်လှည့်စည်းရုံးရေးခရီးစဉ်များ ဆင်ခဲ့ရသည်။ အမျိုးသမီး တစ်ဦးနှင့်မမျှအောင် ကြီးလေးသော တာဝန်များကို မနိုင်မနင်း ထမ်းဆောင်ရင်း လောဘ၊ဒေသ၊သောက မီးတောက်၊ မုန်တိုင်းများကြားတွင် ဘ၀ကို နှစ်မြုတ်နေခဲ့ရရှာသည်။ နောက်လာမည့် ၂၀၁၅ ဆိုလျင် အမေသည် အသက် ၇၀ ပင်ပြည့်တော့မည်ဖြစ်သည်။
၈။ အမေစုသည် လောကီရေးရာအတွက် တာဝန်ကျေလွန်းမက ကျေခဲ့လေပြီ၊ လောကုတ္တရာ တွင် အမေစု တာဝန်ကျေအောင်ကြိုးစားရတော့မည်။ ယခင်ဘ၀က ကုသိုလ်ဘာဝနာတရားများ နည်းခဲ့၍ အမေစုခင်မျာ ငယ်စဉ်ကတည်းကပင် ယခုထိ ဘာသာတရားကို ကောင်းကောင်းမွန်မွန် ပြုလုပ်ခွင့် ၊ ကုသိုယ်ယူခွင့် မရ ခဲ့ပေ၊ငယ်စဉ်ကပင် ဘာသာတရားနှင့်ဝေးခဲ့ရသည်။ ဘုရား၊ကျောင်းကန် တက်ချင်သော်လည်း တက်ခွင့် နည်း ခဲ့ရရှာသည်၊ ဥပုရ်သီလ ဆောက်တည်ခွင့် နည်းခဲ့ရသည်။ ကုသိုလ်ပြုခွင့် အခွင့်အရေးမကြုံခဲ့ရပေ။ သား (၂) ယောက်မွေးထားသော်လည်း ရဟန်းခံခွင်းမကြုံရရှာပေ။ မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း ရှင်ပြုခွင့်မကြုံခဲ့၊ ရဟန်းဒါယိကာမ ဖြစ်ခွင့်မကြုံခဲ့ရရှာပေ၊
၉။ ထို့ကြောင့် အနာဂတ်မြန်မာနိုင်ငံ၏ တာဝန်သည် အမေစုနှင့်လားလားမှမဆိုင်တော့ပေ၊ အမေစု သည် နောင်လာနောင် သားတို့အတွက် လမ်းကြောင်းခင်ပေးခဲ့လေပြီ ၊ လာမည့်နှစ်များ ၏ မြန်မာနိုင်ငံ သည် နောင်လာနောက်သားတို့က ပခုံးပြောင်းတာဝန်ယူ ကြရမည်။ တိုးတက်သောဒီမိုကေ၇စီနိုင်ငံသစ်ကြီးကို သွေးသစ်လောင်း လူငယ်တို့က အားသွန်ခွန်စိုက်ချီတက်ကြပေမည်
၁၀။ အမေစုသည်က လောကုတ္တရာတွင် တာဝန်ကျေဖို့ ဘ၀ကူးကောင်းဖို့ နောင်လာမည့်ဘ၀အ တွက် တရား ဘာဝနာများအားထုတ်ရတော့မည်။ ကုသိုလ်ပြုရတော့မည်။ အမေစု ဥပုရ်စောင့်တော့မည်။ သီလယူတော့မည်။ ဘာဝနာပွားတော့မည်။ ဆရာကြီးပီမိုးနင်းပြောသောစကားကို အမေစု နှလုံး သွင်းတော့မည် ၊ရွှေတုံး၊ရွှေခဲများကဲ့သို့ စက္ကန့်မလတ် တန်ဖိုးရှိသော အချိန်ကလေးများသည် အမေစုဘ၀အတွက် သိပ်မကျန်တော့ပေ၊ အမေစု အလွန်ဆုံးနေရလျင် နောက်ထပ် ၁၅ နှစ်သည် အရှည်ဆုံးဖြစ်သည်။ အသက်ကြီးလာလျင် ငယ်မူ ပြန်တတ်ကြသည်။ ငယ်မူပြန်သွားလျင် အမေစု လုပ်ချင်သော တရား ဘာဝနာရမည်မဟုတ်ပေ၊ ဖြစ်နိုင်လျင် အစွန်းဆုံးသော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ရန် အမေစုကြိုးစားရဦးမည်။ ပုဂ္ဂိလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကဲ့သို့ ဆုထုးပန်ချင်လျင်တောင် အမေစု ဒီဘ၀ မရနိုင်သေးပေ၊နောင်ဘ၀ယောင်္ကျားဖြစ်အောင် အရင်ကြိုးစားရဦးမည်။ ထိုးကြောင့် ဖြစ်နိုင်လျင် အမေစု လူဘ၀ကိုစွန့်လွှတ်ပြီး ယောဂီဝတ်ဖြင့် ဘိုးဘွားရိပ်သာတွင် တ၇ားအားထုတ်ရတော့မည်။ ထို့ထက်ပိုမို ကျင့်ကျန်လိုလျင် အမေစု သီလရှင်ဝတ်ဖြင့်သော်လည်းကောင်း၊ ယောဂီဝတ်ဖြင့်သော် လည်းကောင်း လူမနီးသူမနီး တောထဲ၊တောင်ထဲတွင် တရားဘာဝနာတို့ဖြင့်သာ ပျော်မွေ့၇န် ရှိတော့သည်။

အမေစုအားချစ်ခင်သော

Jing Hpaw Land
 
 
 
 
 
 
 
 
 

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။