Red Ruby စီးကရက်ဗူးများ၏လည်ပင်းပိုင်းတွင် အခွန်စည်းများကပ်ထားသည်ကိုလူတိုင်းမြင် ဘူးပါလိမ့် မည်။ ဒါပေမယ့် အရေးတယူမည်သူမျှမဖတ်ကြည့်ကြ ပါ။ အခုပုံပါဘူးတွင် Export Only CC ဟုကပ်ထားပါ သည် ကျွန်တော်သိသလောက် Export Only CC သည်ပြည်တွင်းတွင်လုံးဝ ရောင်းခွင့် မရှိ ပါ။ အခွန် ရုံးနှင့် Red Ruby ကုမ္ပဏီ တို့ပူးပေါင်းဆောင်ရွက်ခြင်းလား (သို့) ကုမ္ပဏီ ၏အခွန်တိမ်းရှောင်နည်းလား မည်သူမျှ မသိနိုင်ပါ။ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးလျှင်တရားခံပေါ်ပါသည်။ Red Ruby ကုမ္ပဏီ သည်အခွန်စည်း ကို သေးသေးမွှားမွှားမည်သူမျှမသိနိုင်လောက်ပါ ဘူးဆိုသည့်စိတ်မျိုးဖြင့်ဝါးချထားပါသည်။မှန်ပါ သည် ဆေးလိပ်သောက်သူများ မည်သူမျှသတိ မထားမိပါ။ သတိထားရမည်မှာ ကုမ္ပဏီ အနေဖြင့် ဤဆေး လိပ် ဘူး များသည်အတုပါငြင်းဆိုနိုင်ပါသည် သို့သော် ယခု ဓာတ်ပုံပါဆေးလိပ်ဘူးသည် ကုမ္ပဏီမှ လာရောင်းသောကားမှကာ တွန်လိုက်ဝယ်ထားခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာအစိုးရလူကြီးမင်း များ အနေဖြင့် နိုင်ငံအကျိုးအတွက် မည်သို့ဖြေရှင်းသင့်ပါသနည်း ယခုလိုအခွန်လှည့်စားနေသော ကုမ္ပဏီကြီး များ အများ အပြားရှိ မည်ဟုထင်ပါသည်။မြန်မာပြည်တွ င်အရောင်းရဆုံးဆေးလိပ် Red Ruby ကုမ္ပဏီ၏ အကြီးအကျယ် အခွန်လှည့်စားမှုသည် တိုင်းပြည်အတွက် အခွန်မည်မျှဆုံးရှုံးသည်ကို သက်ဆိုင်ရာအစိုးရ လူကြီးမင်းများအသိပင်ဖြစ်ပါ သည်။ ယခုလိုဘူးများ မြို့ကြီးများတွင်တွေ့ရန်ခက်ခဲနိုင်ပါသည် နယ်ကပြည်သူ များ ကို လူအများ သူတို့ဘာမှမသိလောက်ပါဘူး ဆိုသည့်အတွေးဖြင့် လာရောက် ရောင်းချနေသော ကုမ္ပဏီ ကိုမည်သို့အရေးယူနိုင်ပါမည် နည်း???
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။