Sunday, January 13, 2013

တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို အင်တာဗျူးခြင်း

အင်တာဗျူး..အစီစဉ်ဖတ်ရတိုင်း..အများစုကတောနိုင်ငံတွင်းမှာထင်ရှားကျော်ကြားသော
ခေါင်းဆောင်များ လုပ်ငန်းရှင်များအကယ်ဒမီမင်းသားမင်းသမီး.တွေ ဘဲအဓိကထားမေးမြန်းကြ တာဘဲဖတ်ဖူးတွေ့ ဘူးမှာပါ။ အားကစားသမားကတော့ အနည်းစုဗျူးတာဘဲတွေ့ ဘူးပါတယ်..။


သို့ သော်လည်း....အင်တာဗျူးဖို့..စာရွက်ကိုအရင်ပေးကြိုဖတ်ကြိုဖြေတာလည်းကြားဘူးကြမှာပါနော်.... ကိုယ့်ရင်တွင်းအမှန်တကယ်ပြောချင်တာတွေကိုတော့...ကြားရမှာမဟုတ်ပါဘူး...ဘာလိုလည်းမေးရင်.. .အောက်လိုင်း (ဘောင်အတွင်း ကမေးဖြေနေကြတာ)ဖတ်ရတွေ့ ရတာများတော့...ကျနော်က ဒီလိုစိတ်ကူး လိုက်ပါတယ်...တိုင်းပြည်အတွက်နိုင်ငံအတွက်...တကယ်လိုအပ်နေတာကျောင်းသား.....တကယ့်အပြင် မှာဖြစ်ပျက်နေတဲ့ကျောင်းသားတွေ ဘ၀ကိုကော...တကယ်လေ့ လာရဲ့လား.......

ဆိုပါစို့ ....ဖတ်ဖူးတာလေးပြောပြတာနော်...
တက္ကသိုလ်ကျောင်းတွေ နားမှာ..လေယာဉ်ကွင်း...ဘူတာ....ကားဂိတ်....မရှိပါဘဲနဲ့ဘာလို့ အင်းတွေ မိုတယ်တွေအများကြီးဖွင့်ထားတာလည်း......ဒါကိုလည်းတွေးသင့်ပါတယ်...။တချို့ ကျာင်းသူတွေ နေထိုင်မှု ကိုသိပ်ပြီးရဲတင်းပွင့်လင်းနေကြပြီလား...
ပညာရေးသည်နိုင်ငံရေးဖြစ်သည်....ဗိုလ်ချုပ်အောင်ဆန်းပြောတာကြားဘူးသိဘူးမှာပါ
ဒါကြောင့် ကျနော်အခု..တက္ကသိုလ်.နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်နဲ့ ရိုက်စား
အပတ်စဉ်ထုတ်ဂျာနယ်က...ဂျာနယ်လစ်တစ်ယောက်အင်တာဗျူးအစီစဉ်လေး....

တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို မေးမြန်းခြင်း
မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ
ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင်ကျူရှင်လသွင်းနေပါ တယ်။  နောက်တစ်ခု ကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ ဒါမှလည်းစာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင် ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့မလုပ်ဖြစ်သေးဘူး။

မေး- -ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင်ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစား လဲ
ဖြေ- -သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့် အနေ နဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့တစ်ယောက် ဖြစ်သွားပါပြီ။အခုက ကျောင်းတက်နေတာ ဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့ ကျောင်းပြီးသွား ရင်တော့ လုံးဝကိုsupply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ေ ကျာင်းတော် ကြီးကိုလွမ်းတာတို့၊သူငယ်ချင်းတွေကိုတမ်းတတာတို့၊ချစ်သူလေးကိုခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်

မေး- -ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေး ရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။အမေရီကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့်နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေမောင်လေး တို့ရော
ဖြေ- - ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။တစ်နေ့သင်လိုက်တဲ့ စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့စိတ်ညစ်ရပါတယ်။ တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီးလက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့မူဆယ်လားရှိုးဘက်က၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို နေ့တိုင်းစီးနင်းေ ကျာ်ဖြတ်နေရတာအရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်

မေး- -ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ကွဲပြားတတ် တယ်လေ။ မောင်လေး ရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။
ဖြေ- -အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့်ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ကွဲပြားခြားနား သွား တာ မဟုတ်ဘူးပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များ များ ကတော့မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာကများသော အားဖြင့် တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာနေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင်ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော
့လောက်အောင် ကိုမိုက်ရိုင်းသွားကြတော့တာပေါ့။

မေး- - အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလိုကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား
ဖြေ- - အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့ကပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကိုဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ ပါတယ်။ OTSလို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ဘာလို့လဲ ဆိုတော့ အလုပ် ရရေး မရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင် စာမေးပွဲလို့ ခေါ်တဲ့ PSCစာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။ဘွဲ့ရ တာ သည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တကယ်ကိုကျောင်းပြီးပြီးချင်း အလုပ် တန်းရတာတို့ ဘာတို့ဆိုတာကလုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလားဥပမာပြော ရရင်လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ဘကြီးဘုန်းကြီးနဲ့ကိုကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ် ပါတယ်။ စောစောကပြောတဲ့ PSCစာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင်များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသား ပါ။ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါ တယ်။

မေး - - ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား
ဖြေ-လုံးဝကိုမရှိပါဘူးခင်ဗျာ။တကယ်ကိုမရှိတာပါ။မသိတဲ့သူတွေကမတတ်တဲ့သူတွေကို ပြန်သင်ပေးရ တာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီသစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး

မး- -ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကိုစိတ်ကူးနေပါသလား
ဖြေ- -လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။လုပ်စားစရာ နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ်တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင်လမ်းဘေး ပလက်ဖေါင်း မှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါလမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။သေသေချာချာတော့ မပြောနိုင်သေးပါဘူး။
 

by Shwe Eaim Si 

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။