တစ်နေ့သ၌ကျွန်ုပ်ထံသို့Voice Of Myanmarဘလော့တွင်အက်ဒမင်တစ်ဦးအဖြစ်ကူညီဆောင်ရွက်ပေးနေ သူတူတော်မောင်တစ်ဦးရောက်ရှိလာလေသည်၊သူသည်ပြည်ပနိုင်ငံတစ်ခုတွင်နေထိုင်သော်လည်း
မြန်မာပြည် သို့ပြန်လည်ရောက်ရှိလာသည့်အခါတိုင်းတွင်မူ ကျွန်ုပ်ထံသို့ဦးစွာ
လာရောက်လေ့ရှိလေသည် ။
သူရောက်လာသည့်အခါတိုင်းတွင် အွန်လိုင်းပေါ်တွင်
ပြော၍ မ၀နိုင်သော မြန်မာ့နိုင်ငံရေးအကြောင်းများကို အားပါးတရဆိုသလိုအမြင်ချင်းဖလှယ် ဆွေးနွေးလေ့ရှိလေသည် ။ယခုတစ်ခေါက်တွင်လည်း
မြန်မာ့နိုင်ငံရေး အကြောင်း အစိုးရအဖွဲ့အသစ်အကြောင်း ၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြောင်းနှင့် ၄င်းတို့၏
သမိုင်းကြောင်းများကို အပြန်အလှန်ဆွေးနွေးကာ အမြင်ချင်း ဖလှယ် နေရာမှ
မြန်မာ့နိုင်ငံရေး အတိုက်အခံ များအကြောင်းသို့ ရောက်ရှိသွားသောအခါတွင်မူ
ကျွန်ုပ်၏ တူတော်မောင်၏ မျက်နှာသည် တစ်မျိုး တမည်ပြောင်း ၍ သွားလေသည် ။
တက်ကြွနေသော အရိပ်အရောင်များမှ စိတ်ပျက်သော အမူအရာသို့
တမဟုတ်ခြင်းပြောင်းလည်း သွားကာ အောက်ပါ တိုင်းပြောလေတော့သည်...
"
ဆရာရယ်...ဒီအတိုက်အခံဆိုတဲ့လူတွေကို ကျွန်တော် တော်တော်စိတ်ပျက်မိတယ်
..အစိုးရဘာလုပ်လုပ် လိုက်ပြီးမကောင်းပြောနေတယ်ဆရာရယ်
ဒီလူတွေကိုဘယ်လိုနားလည်ရမှန်း ကိုမသိတော့ပါဘူး..
အခု ဆိုရင် အစိုးရ သစ်လက်ထက်မှာ အပြောင်းအလဲတော်တော်များများ လုပ်နေ တာတွေ
တွေ့ရတယ်မဟုတ် လားဆရာ..ပင်စင်လစာတွေတိုးပေးတယ် ၊ စီးပွားရေးဆိုင်ရာပြောင်းလဲ
မှုတွေ ဆက်တိုက်ဆိုသလိုလုပ်လာ တယ်..၊
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုတာတွေလုပ်လာတယ် ၊ သတင်းလွတ်လပ်ခွင့်တွေအရင်ကထက် စာရင် မထင် ရလောက် အောင် တိုးတက်လာတယ် ၊ ဒေါ်အောင်ဆန်း
စုကြည်နဲ့တွေ့ဆုံမှုတွေဖြစ်လာတယ် ၊ တစ်ချိန်တည်းမှာပဲ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပဏာမ ငြိမ်းချမ်းရေးရယူမှုတွေ
ရလာ တယ် ၊ ပြည်ပမှာအကြောင်းအမျိုးမျိုးနဲ့ရောက် ရှိနေတဲ့နိုင်ငံသားတွေကို
သမ္မတကြီးကိုယ်တိုင်ပြန် လည် ဖိတ်ခေါ်နေတယ်ထားပါတော့လေ..ခြုံပြောရရင်
အကောင်းတွေဘက်ကိုပြောင်းလဲတိုးတက်မှုတွေ အများ ကြီး သိသိသာသာ ရှိနေပါလျှက်
မြင်နေရပါလျှက်နဲ့ အပျက်ဘက်ကနေပဲပြောနေကြ တုန်း ရေးနေကြ တုန်းပဲ ဆရာ
စိတ်ပျက်စရာပါပဲ "
တူတော်မောင်၏ စကားအဆုံးတွင် ကျွန်ုပ်သည်
သူ၏မျက်နှာကိုစေ့စေ့ကြည့်ရင်း ပြုံးမိလေသည် ..တဆက် တည်း ဆိုသလိုပင် သူက "
ဘာပြုံးတာလဲဆရာ" ဟုမေးလာသဖြင့်....
"ဒါစိတ်ပျက်စရာမဟုတ်ဘူးကွ...ချဲလင့်(Challenge)လုပ်တာလို့ခေါ်တယ်၊
မြန်မာ့နိုင်ငံရေးကိုချဲလင့် လုပ်နေ တာ ၊ တစ်နည်းပြောရရင်
စိန်ခေါ်နေတာပေါ့ကွာ...ဒီလိုချဲလင့်တွေရှိနေလို့လဲ အသက်မရှိတဲ့
တို့မြန်မာ့နိုင် ငံရေး ကြီးကအသက် ၀င်နေတာ....စိတ်ပျက်စရာမဟုတ်ဘူး
ချဲလင့်.." ဟုပြောရလေသည် ။
ကျွန်ုပ်စကားဆုံးသည်နှင့် တူတော်မောင်က
ဆရာပြောတာကျွန်တော်သိပ်မရှင်းဘူးဆရာ.. အဖျက်လုပ်နေ တာနဲ့ ချဲလင့်
ကဘာဆိုင်လို့လဲ ဟု မေးလာပြန်လေသည် ။
"မောင်ရင်ရှင်းအောင်ပုံပြင်လေးတစ်ခုပြောပြမယ်..ဟိုးရှေးရှေးတုန်းကတရုတ်ပြည်မှာဂျုံစိုက်တဲ့ လယ်သမား တစ်ဦနဲ့ တန်ခိုးရှင်တစ်ဦးဟာ မထင်မှတ်ပဲ
မိတ်ဆွေတွေဖြစ်သွားကြတယ် ၊ ဒီတော့ ဂျုံစိုက်လယ်သမားကြီး က ခင်ဗျားဟာ
တန်ခိုးရှင်သာဖြစ်နေတာ ဂျုံတော့စိုက်တတ်ဟန်မတူဘူး.. တကယ်လို့များ
ကျုပ်ဂျုံစိုက်တဲ့ ကိစ္စတွေမှာ ခင်ဗျားတန်ခိုးနဲ့ပေါင်းလိုက်မယ်ဆိုရင်
တော်တော်အကျိုး ရှိမယ်လို့ပြောလိုက်တယ် ။ ဒီတော့ တန်ခိုးရှင်က ' ကောင်းပါပြီကျုပ်ခင်ဗျားကိုကူညီပါ့မယ်'လို့ပြန်ပြောလိုက်တယ် ။ အဲဒီနောက်
လယ်သမားကြီး ကတန်ခိုးရှင်ကို သူ့ဂျုံစိုက်ခင်းမှာ တစ်နှစ်လုံးခေါ်ထားပြီး
မိုးလေးနည်းနည်းရွာတာနဲ့' ကဲ..တန်ခိုးရှင်
ဒီမိုးတွေဆက်ရွာရင်ဂျုံခင်းတွေပျက်မယ် မိုးတိတ်အောင်လုပ်ပေး'လို့ခိုင်းတော့တာပဲ၊တန်ခိုးရှင်က မိုး တိတ်အောင် လုပ်ပေးလိုက်တယ် ။
လေလေးနည်းနည်းတိုက်လာရင်လဲ ဒီလိုပဲ ' တန်ခိုးရှင်ကြီးလုပ်ပါဦး ဒီလေ က
ဂျုံအနှံတွေကို ပျက်စီးစေတယ် လေတိုက်တာရပ်အောင်လုပ်ပေးပါ ' လို့
ခိုင်းပြန်တယ် တန်ခိုးရှင် ကလဲလေမတိုက်အောင်လုပ်ပေးလိုက်ပြန်တယ် ၊ ဒီလိုပဲ
လယ်သမားကြီးဟာ နေပူရင်အပင်ညှိုးမယ် မိုး အုံ့အောင် လုပ်ပေး ၊
ရေများရင်နည်းအောင်လုပ်ပေး ၊ စာကလေးတွေလာရင် မလာအောင်လုပ်ပေး ၊
မိုးခြိမ်းရင်လဲအသီးတွေဆုပ်ကုန်မယ်မခြိမ်းအာင်လုပ်ပေးဆိုပြီးအမျိုးမျိုးခိုင်းတယ် တန်ခိုးရှင်ကလည်း အကုန် လုပ်ပေးတယ် ၊
ဂျုံပင်ကြီးတွေကလဲ ဖွံ့ဖြိုးပြီးသိပ်ကောင်းလာတာပေါ့ ..အဲဒီအခါမှာ
လယ်သမားကြီးက တန်ခိုးရှင်ကိုကဲတွေ့လား ကျုပ်ရဲ့ဂျုံခင်းကြီးကိုကြည့်စမ်းပါဦး ကျုပ်ရဲ့ဂျုံစိုက်တဲ့ပညာနဲ့ခင်ဗျားရဲ့တန်ခိုး ပေါင်း လိုက်တဲ့ အခါ
ဘယ်လောက်ကောင်းလဲ လို့ပြောရှာတယ် ဒါပေမယ့် ဂျုံပင်တွေကိုရိတ်သိမ်းတဲ့အခါ
ဂျုံ အနှံတွေ ဟာ အဆံမပါဘူး ၊ ဟောင်းလောင်းတွေဖြစ်နေတယ် ၊ ဒီတော့မှ လယ်သမားဟာ
အထိတ်တလန့်နဲ့ တန်ခိုးရှင်ကို ဘယ်လိုဖြစ်ကုန်တာလဲလို့မေးတယ် ၊ တန်ခိုးရှင်က
' ဒီလိုရှိတယ် မိတ်ဆွေရ မိုးတွေတအားရွာ တာတို့ ၊ လေတိုက်တာတို့ ၊
မိုးခြိမ်းတာတို့ ၊ နေပူတာတို့ စာကလေးတွေလာတာတို့ဟာ သာမန်ကြည့်လိုက် ရင်ဂျုံပင်တွေအတွက်အနှောက်အယှက်တွေ၊အဖျက်တွေလို့ထင်ရတယ်၊တကယ်တော့
နှောက်ယှက်နေတာ မဟုတ်ဘူး ချဲလင့်လုပ်နေတာ ၊ စိန်ခေါ်နေတာ ၊ ဂျုံပင်ဟာ
ဒီစိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကိုရုန်းကန်ရင်း ကနေ မြေကြီးထဲမှာရှိတဲ့
သြဇာဓါတ်တွေကို အနှံထဲရောက်အောင်လုပ်ပေးနေတာ၊ ဒီလိုရုန်းကန်နေရ တာကိုက
သူ့အလုပ်လေ..ဒါကိုမောင်ရင်က အကုန်အဆင်ပြေအောင်သွားလုပ်ပေးလိုက်တော့
ဂျုံပင်ဟာ မရုန်းကန်ရတော့ဘူး၊ရုန်းလဲမရုန်းကန်တတ်တော့ဘူးခွန်အားမရှိတဲ့လူ လေဖြတ်တဲ့လူလိုဖြစ်သွားပြီးခုလိုအနှံ မအောင်ဖြစ်ရတာ လို့
ပြန်ရှင်းပြတယ်..ပုံပြင်လေးကတော့ပါပဲမောင်ရင်ရာ... "
"လောကကြီးမှာလဲဒီလိုပါပဲအဖြူရောင်ဟာကောင်းတယ်အမဲရောင်ဟာမကောင်းဘူးဆိုပါတော့
ကျောက်သင် ပုန်းမှာမြေဖြူနဲ့ရေးတဲ့ကိစ္စမှာတော့နောက်ခံကမဲနေမှအဆင်ပြေတယ်ဘာလို့လဲဆိုတော့ မြေဖြူရဲ့အဖြူရောင် ကို ကျောက်သင်ပုန်းရဲ့အမဲရောင်ကချဲလင့်လုပ်ထားတာမဟုတ်လား..နိုင်ငံရေးမှာလဲ ဒီလိုပဲမောင်ရင်ရ
အစိုးရ ကိုချဲလင့်လုပ်တဲ့သူတွေရှိမှ အစိုးရဟာ ရုန်းကန်ရပြီး
သူ့ရဲ့စွမ်းအားတွေ ထွက်လာတယ် ၊ ရုန်းကန် ရတဲ့အလေ့အကျင့်ရလာတယ်
၊ရင့်ကျက်လာစေတယ် ၊ခွန်အားကိုဖြစ်စေတယ် ဒီခွန်အားတွေဟာ
တိုင်းပြည် ဖွံ့ဖြိုးမှု အတွက် အားဖြစ်စေတယ်... ဒီတော့ဒီလူတွေကို
ကျေးဇူးမတင်ရင်တောင် အစိုးရကို ခွန်အားဖြစ်စေ အရည်အချင်း တက်စေတဲ့
မောင်းနှင်အားတွေအဖြစ်မြင်ရမယ် " ဟုရှည်လျားစွာရှင်းပြရလေသည် ။
တူတော်မောင်လည်း ကျွန်ုပ်ရှင်းပြသည်ကို နားလည်သဘောပေါက်ကြောင်းပြောဆိုကာ
Marks & Spencerဆိုင်မှဝယ်လာသည်ဆိုသောချည်ထည်အင်္ကျီလေးတစ်ထည်ဖြင့်ကန်တော့ပြီးဆရာလည်းလူပျိုကြီး ဘ၀က မြန်မြန်လွတ်ပါစေဟုဘာမဆိုင်ညာမဆိုင်ဆုတောင်းကာ ပြန်လည်ထွက်ခွာ သွားလေတော့သတည်း ။
ဒေါက်တာဆိတ်ဖွား
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။