Monday, June 4, 2012

ပိတ်သိမ်းခဲ့သည့် ၂၃၂ ယာဉ်လိုင်း နေရာတွင် ၃၉ ကားဖြင့် အစားထိုး

NNDP မှလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့်ဦးဝင်းရွှေ

ပြီးခဲ့သည့်အပါတ်အတွင်းမှာ ပါရမီယာဉ်လိုင်း ၂၃၂ ယာဉ်လိုင်း မှ ကြားကားပြေဆွဲသည့် ယဉ်မောင်းအား ဓါးဖြင့်ခုတ်သတ် ခဲ့သည့် ကိစ္စနှင့်ပါတ်သက်ပြီး ၂၃၂ ယာဉ်လိုင်း အားပိတ်သိမ်း လိုက်ခြင်း အပေါ် ဒဂုံဆိပ်ကမ်းမြို့ နေ ဒေသခံများမှ NNDP သို့တင်ပြလာရာ NNDP မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရှုံးသွားခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးဝင်းရွှေတို့သည် ဒဂုံဆိပ်ကမ်း မြို့နယ်သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည်။

ဒေသခံများ၏ ခံစားချက်များကို ကြားနာခဲ့ရာ၂၃၂ယာဉ်လိုင်းပိတ်သိမ်း လိုက်ခြင်းသည် အလုပ်သွား အလုပ်ပြန် အဆင်မပြေမှု၊ အဆိုပါ ကားဂိတ် အားအမှီ အခိုပြုလျှက် လုပ်ကိုင်စားသောက် နေကြသည့်လုပ်ငန်း အသေးစားများ မှာလည်း ဒီယာဉ်လိုင်း ပိတ်သိမ်း လိုက်ခြင်းကြောင့် စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ပြန်လည် ပြောကြခြင်းအပေါ် NNDP GROUP face book စာမျက်နှာတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။

အထက်ကိစ္စနှင့်ပါတ်သက်ပြီး ရန်ကုန်တိုင်း မထသ မှ တာဝန်ရှိသူတစ်ဦးမှ ၂၇.၅.၂၀၁၂ နေ့ ညနေပိုင်းတွင် NNDP ပါတီ မှ သင်္ဃန်းကျွန်း တိုင်းဒေသကြီး အမှတ် (၁) ကိုယ်စားလှယ် ဦးကျော်ထံ (၃၉ ) ယဉ်လိုင်း မှ စုစုပေါင် ကား ၁၀ စီးအား ၂၈ ရက်နေ့တွင် ၂၃၂ ယာဉ်းပြေးဆွဲသည့် ခရီးစဉ် နေရာတွင် စတင် အစားထိုး ပြေဆွဲပေး မည်ဖြစ်ကြောင်း ဖုန်းဖြင့် အကြောင်းကြား လာပါသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။