Monday, June 4, 2012

ဦးပြုံးချို ပါတီဘဏ္ဍာ၊ကိုယ့်ဟာမှတ်ပါလို့ 

မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုသည် ဧရာဝတီ တိုင်း ဒေသကြီး ဥပဒေပြုရေးရာ ကော်မတီ ဥက္ကဌတစ်ဦး ဖြစ်သည့်အပြင် လက်ရှိလည်း တရားလွှတ်တော် ရှေ့နေကြီးအဖြစ် ကကြိုးပေါင်းစုံနှင့် သရုပ်ဆောင် ဒါရိုက်တာတစ်ဦြး ဖစ်ပါသည်။

မြောင်းမြမြို့နယ်အတွင်းရှိ၊ရပ်/ကျေးစည်းရုံးမှူးများအားပါတီစည်းရုံးရေးအတွက်တစ်ရွာ လျှင်ငါးသောင်းကျပ်ထုတ်ပေးရန်ပြည်ခိုင်ဖြိုးပါတီဗဟိုမှကျပ်သိန်းသုံးရာတိတိထုတ်ပေးခဲ့ရာဦးပြုံးချိုလက်ခံရယူခဲ့ပါသည်။ယင်းငွေကြေးကိုသုံးစွဲရန်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ခြင်းမရှိဘဲစုစုပေါင်း(၅၀)သိန်းခန့်သာထုတ်ပေးခဲ့ပြီးကျန်ငွေ(၂၅၀)သိန်းကိုကိုယ်ကျိုးသုံးစွဲခဲ့သ ဖြင့်ပြည်ခိုင်ဖြိုးတိုင်းတာဝန်ခံကိုယ်တိုင်မြောင်းမြမြို့သို့ရောက်လာပြီးဆူပူခဲ့ရသည့်အဖြစ်နှင့်ကြုံတွေခဲ့ရပါသည်။

ငွေထုတ်ပေးရာတွင်လည်း၎င်းနှင့်ပြေလည်သောကျေးရွာအုပ်ချုပ်ရေးမှူးများကိုသာထုတ် ပေးပါသည်။ဦးပြုံးချိုသည်အလွဲသုံးစားပြုထားသောငွေကြေးဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား၎င်း၏ရာထူးအာဏာအရှိန်အ၀ါဖြင့်စပါးတင်းတစ်ရာလျှင်တစ်သိန်းခွဲနှုန်းပေးကာစပါး ပေါ်လျှင်သုံးသိန်းနှုန်းပြန် ပေးရပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများခန့်ထားရေးအတွက်လည်းဥိးပြုံးချို၏မိန်းမဒေါ်ဌေးဌေးဝင်းထံသိုတစ်ဦးလျှင်အနည်းဆုံးငွေကျပ်(၁၀)သိန်းနှုန်းပေးရပြီးငွေကြေးပိုပေးသူအားကျေးရွာအုပ်ချုပ်ရေးမှူးရာထူးများခန့် ထားပါသည်။

ဦးပြုံးချို၏ဇနီးဒေါ်ဌေးဌေးဝင်းမှာအထက်တန်းပြဆရာမတစ်ဦးဖြစ်သော်လည်း၎င်းငွေများ ဖြင့်ငွေတိုးပေးစားခြင်းလက်ဝတ်ရတနာများဝတ်ဆင်ရာတွင်လည်းအ၀တ်စားများနှင့်လိုက် လျှောညီထွေစွာ(အ၀တ်အစားအရောင်နှင့်ရတနာအရောင်တူအောင်)၀တ်ဆင်တက်သဖြင့် မြန်မာ(ကိတ်ဝင်းစလက်)ဟုလူပြောများခဲ့သူတစ်ဦးဖြစ် ပါသည်။

မြောင်းမြမြို့ရှိအိမ်ပွဲစားများကိုလည်းမြောင်းမြမြို့ထဲတွင်သိန်း(၁၀၀၀)ခန့်တိုက်တစ်လုံး ၀ယ်ရန်ရှာခိုင်းသည်ဟုသိရပါသည်။


မြောင်းမြမြို့နယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူးဖြစ်စဉ်ကလဲတောင်သူများအားဓာတ်မြေသြဇာ ဖြန့်ဖြူးပေးခဲ့သူတစ်ဦးဖြစ်ရာ၎င်းဓာတ်မြေသြဇာမှဝင်ငွေဖြင့်၎င်း၏အိမ်နှောက်ဖေးအ ဆောင်မှာအုတ်တိုက်အဆောင်ဖြစ်ခဲ့ရပါ သည်။

ဦးပြုံးချိုသည်လက်ရှိတရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီးတရားရုံးအဆင့်ဆင့်တွင်လိုက်ပါဆောင်ရွက်လျှက်ရှိရာ၎င်းလိုက်ပါဆောင်ရွက်လျှက်ရှိသောအမှုများတွင်အမှုစစ်ဆေးနေ သည့်တရားသူကြီးများကအမှုအဖြစ်အမှန်ထက်၎င်း၏ရာထူးနှင့်အာဏာပေါ်မူတည်ပြီးအ ဆုံးအဖြတ်ပေးနေရပါသည်။

ရှေ့နေရှေ့ရပ်တစ်ဦးအဖြစ်အသက်မွေးဝမ်းကြောင်းပြုပါကအခြားဝင်ငွေရအလုပ်များမလုပ်ရဟုရှေ့နေများလိုက်နာရမည့်ကျင့်ဝတ်သိက္ခာတွင်ဖော်ပြထားသော်လည်းတိုင်းဒေသကြီးဥပဒေပြုစုရေးဥက္ကဌအဖြစ်မှဝင်ငွေတစ်လလျှင်(၂)သိန်းယူခြင်းမှာရှေ့နေများ၏ကျင့်ဝတ်နှင့်ညီညွှတ်ခြင်းမရှိပါ။

ဧရာဝတီတိုင်းဒေသကြီးမှပြည်သူများ၏အကျိုးအတွက်မည်သည့်ဥပဒေကိုမျှရေးဆွဲခြင်းတင်သွင်းခြင်းမပြုခဲ့ပါ။မြောင်းမြမြို့၏အကျိုးအတွက်လည်းမည်သည့်တင်ပြခြင်းမှမရှိဘဲမြောင်း မြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလေလံလိုင်စင်အများအပြားရှိ့သော်လည်းကူးတို့လိုင် စင်နှင့်ဝက်သားလိုင်စင်နှစ်ခုသာတစ်ဖက်ပြိုင်ဘက်များမှငွေကျပ်(၅၀)သိန်းရယူပြီးလွှတ် တော်သို့တစ်ဖက်သတ်အမြင်များဖြင့်သာတင်ပြခဲ့ခြင်းများသာရှိခဲ့ပါသည်။

ဦးပြုံးချိုသည်မိမိကိုယ်ကျိုးစီးပွားရေးအတွက်သာကြည့်ပြီးဧရာဝတီတိုင်းဒေသကြီးနှင့် မြောင်းမြမြို့အကျိုးအတွက်မည်သည့်ဆောင်ရွက်ချက်များမှမရှိခဲ့သဖြင့်၎င်းလိုလူမျိုးများ တိုင်းဒေသကြီးလွှတ်တော်တွင်ရှိနေပါကဒေသဖွံ့ဖြိုး ရေးအတွက်အလွန်နစ်နာလှပါသည်။

မြောင်းမြမြို့ရှိပြည်ခိုင်ဖြိုးပါတီဝင်များနှင့်မြို့ပေါ်ရှိပြည်သူများမှဦးပြုံးချို၏လုပ်ရပ်များကိုသိရှိသဖြင့်ဦးပြုံးချိုအားယုံကြည်မှုမရှိသည့်အပြင်ကျေးရွာများမှလည်းအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းပြီးငွေကြေးအရှုပ်အရှင်းများကြောင့်ကျေးရွာများသို့ပင်မသွားရဲတော့သည့်အနေအ ထားဖြစ်နေပါသည်။


ABSDF ရုံး ၊ PDF ရုံး ၊ NLD-LA ရုံးတွေမှာ မိန်းမဆိုရင် မှုးလို့ ရှုစရာတောင်မရှိဘူး။
ဦးပြုံးချိုသည်မြိုနယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူးရာထူးနှင့်လည်း မတန်ပါ။
အထက်လူကြီးများမှလိုအပ်သလိုအရေးယူဆောင်ရွက်ပေးကြပါရန်မြို့နေပြည်သူများအများမှ အသိပေးတင်ပြအပ်ပါသည်။

မြောင်းမြမြို့ သူမြို့ သားများ

တင်ပြသူ
အောင်ကြီး(မြောင်းမြသား)
ဆက်သွယ်ရန် ဖုန်း 0949741681

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။