မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို
သမ္မတမဖြစ်အောင် ဖွဲ့စည်းပုံ
ဥပဒေအရ ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင်
NLD ပါတီအနေနဲ့
နောက်ထပ် သမ္မတလောင်းကို
ရွေးချယ်မှာမဟုတ်ဘဲ လက်ရှိ
ပြည်သူ့လွှတ်တော်ဥက္ကဌ
ဗိုလ်ချုပ်ကြီးဟောင်း
သူရဦးရွှေမန်းကို သမ္မတအဖြစ်
ထောက်ခံ သွားမယ်လို့ NLD
ခေါင်းဆောင်တွေရဲ့
ပြောဆိုချက်ကို ကိုးကားပြီး
ရိုက်တာသတင်းဌာနက ဖော်ပြ လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
အစား အခြားသော သမ္မတလောင်းအဖြစ်
ပါတီတွင်းမှာ ရွေးချယ်သွားမှာ
မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့
လက်ရှိဥက္ကဌ သူရဦးရွှေမန်း
သမ္မတဖြစ်စေဖို့ အားပေးသွားမယ်လို့
ပါတီခေါင်းဆောင်တစ်ယောက်ရဲ့
ပြောဆိုချက်ကို ဖော်ပြထားပါတယ်။
အရပ်သားနိုင်ငံရေးသမားမဟုတ်ဘဲ
စစ်မှုထမ်းဟောင်းတစ်ယောက်ကို
သမ္မတဖြစ်လာဖို့ ထောက်
ခံတဲ့ကိစ္စ
NLD ပါတီတွင်းမှာ
အငြင်းပွားစရာတွေ၊ ပြဿနာတွေ
တက်လာနိုင်ဖို့ရှိပေမယ့်
NLD ပါတီအနေနဲ့
ဒေါ်အောင်ဆန်းစုကြည်မှတပါး
အခြားသောနောက်ထပ်ခေါင်းဆောင်ကို
ရွေးချယ်
ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့
ဆိုပါတယ်။
“ကျနော်တို့ပါတီမှာ
နံပါတ် ၂နေရာဆိုတာ မရှိပါဘူး”လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်ဝင်
ဦးဟံသာမြင့်က ပြောဆိုခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ
ဒုတိယ ခေါင်းဆောင် မရှိပါဘူး”
ဒေါ်အောင်ဆန်းစုကြည်နဲ့
သူရဦးရွှေမန်းတို့ဟာ
လွှတ်တော်အတွင်းမှာ
ပူးပေါင်းဆောင်ရွက်ရှိပြီး
ဆက်ဆံရေးကောင်းတစ်ခုရှိနေသလို
ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်လာစေဖို့ ဖွဲ့စည်းပုံ
ပြုပြင်ပြောင်းလဲရေး
လုပ်ရမယ်လို့ သူရဦးရွှေမန်းက
အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။
“ပါတီထဲမှာ
ဒေါ်အောင်ဆန်းစုကြည်က
လူကြိုက်အများဆုံးပဲ။ ဒေါ်စုက
[သူရဦးရွှေမန်း]ကို
Favor ပေးတယ်”
လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဦးဟံသာမြင့်ကတော့ သူရဦးရွှေမန်းကို
NLD
ပါတီက
သမ္မတဖြစ်လာဖို့ ထောက်ခံပေမယ့်
သူရဦးရွှေမန်းဟာ NLD
ပါတီဝင်တစ်ယောက်
ဖြစ်ဖို့
မလိုဘဲ သူတို့လို
စဉ်းစားဖို့ပဲ လိုပါတယ်လို့
ဆိုပါတယ်။ "အရေးကြီးတဲ့အချက်က
သမ္မတအဖြစ် ကျနော်တို့လက်ခံနိုင်မယ့်သူ
တစ်ယောက်ယောက် ရှိဖို့ပဲ။
ကျနော်တို့အတွက်တော့ ဒါက
လုံလောက်ပါတယ်”လို့ ဦးဟံသာမြင့်က
ပြောပါတယ်။
“ကျနော်တို့
ဦးရွှေမန်းကို သမ္မတအဖြစ်
ရွေးရင် ပါတီတွင်းမှာ ပြဿနာတွေ
အများကြီးပေါ်လာနိုင်ပါတယ်။
ကျနော်တို့ ပါတီဝင်တွေရော၊
နိုင်ငံသားတွေကရော စစ်သားတစ်ယောက်
တိုင်းပြည်ကို အုပ်ချုပ် တဲ့အခြေအနေကို
မကြိုက်ကြပါဘူး”လို့
ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဒါပေမယ့် သူရဦးရွှေမန်းသည်သာ
NLD က
ထောက်ခံပေးနိုင်မယ့်
တစ်ယောက်တည်းသောသူသာ
ဖြစ်နိုင်ချေရှိတယ်လို့
ဆိုပါတယ်။
Credit > Kamayut Media
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။