Wednesday, March 20, 2013

ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည်၊ကျော်ရွာ၊တောင်ပလူ၊ မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများ ပျော်နေကြပြီ ၀မ်းသာတယ်



  ၂၀၁၃-၃-၁၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် မတ်
၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်းတောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်ခဲ့သည်။
 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် လျော်ကြေး
ငွေများကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကိုပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း    သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး    ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည်   ဖော်ရေး ကော်မတီသည် မတ်လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးငွေများကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း မြေယာများ စိစစ်ရေးအဖွဲ့ အနေဖြင့် မတ်လ
၁၇ ရက်နေ့တွင် တောင်သူ ၁၁၁ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၃၃၅၁ သိန်းကျော်ကို     ထပ်မံပေးအပ်ခဲ့ရာ ၁၆ ရက်နှင့် ၁၇ ရက်နေ့နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်ည ၈ နာရီတွင်   နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်သွားပြီး

နောက် တွင် စီမံကိန်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် မုံရွာမြို့မှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ၁၆ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်   ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည်၊ကျော်ရွာ၊တောင်ပလူ၊ မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများ      ကိုလျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။