Wednesday, June 5, 2013

ကျည်ဆံတစ်တောင့်ကလူတစ်ယောက်ကိုပဲသတ်ပေမယ့် ဆိုးဆေးတစ်ထုပ်က



အခုပြောမဲ့အကြောင်းကတော့ ဆိုးဆေးတွေအကြောင်းပါ။ဘာလို့ဒီအကြောင်းကို
ပြောရတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ဘ၀မှာ စားသောက်နေရတဲ့အစားအစာတွေ မှာဆိုးဆေးတွေပါဝင်နေလို့ပါပဲ။ဒီနေရာမှာ ဆိုးဆေးကို ပရိတ်သတ်များအလွယ် တကူမြင်နိုင်တဲ့ဆိုးဆေးရှိသလို မမြင်နိုင်တဲ့ဆိုးဆေးတွေလဲရှိပါတယ်။ဘာတွေလဲ
မျှစ်တွေကိုဆိုးဆေးအနီရောင်တွေ၊အ၀ါရောင်တွေဆိုးကြတာကို မြင်ဘူးကြပါလိမ့်မယ်။
ဒါပေမယ့်အခုတင်ပြမယ့်အကြောင်းအရာတွေက ပရိတ်သတ်တွေ အလွယ်တကူသတိ မထားမိတဲ့ ဆေးဆိုးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။


ပထမဆုံးစပြောရရင် ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ၀က်သား၊အမဲသား၊ဆိတ်သားတွေ
အကြောင်းက စရပါလိမ့်မယ်။ဒီအသားတွေကို ဆိုးဆေးတွေဆိုးထားသလား??ဟုတ်ကဲ့ အင်းစိန်ရွာမမှာသားသတ်ရုံတွေရှိပါတယ်။အဲဒီသားသတ်ရုံတွေမှာဘယ်လိုသတ်ကြလဲဆိုတော့ သူတို့ကအရင်ဆုံး သွေးတွေကိုထုတ်ပါတယ်။နွားရဲ့လည်ပင်းကို ဓါးထက်ထက်နဲ့ အပေါက်သေးသေးလေးဖေါက်ပါတယ်။သွေးတွေပန်းထွက်လာတာပေါ့၊သွေးထွက်တာ
နဲနဲနည်းသွားပြီဆို၇င် အပေါက်ကိုထက်ချဲ့ပါတယ်။ထွက်လာတဲ့သွေးတွေနဲ့ ၀က်ဆိုလဲ
ဝက်သွေးပေါ့၊အမဲဆိုလဲ အမဲသွေးခဲတွေလုပ်ပါတယ်။အသားတွေကို ခွာတဲ့အခါမှာ အသားတွေမှာ သွေးမကျန် သလောက်ပါပဲ။အဲဒီအသားဖြူဖြူတွေကို ဆိုးဆေးအနီတွေနဲ့ ဆိုးပါတယ်။အသားကရဲနေတော့လတ်ဆက် တယ်ပေါ့။သူတို့ကို ဘာလို့ဆိုးရတာ
လဲမေးတော့ ၀ယ်တဲ့သူတွေက အသားဆိုနီနေ မှကြိုက်တယ်။ဖြူနေရင်မရောင်းရလို့ပါတဲ့။

နောက်တစ်ခုက ငါး။ပုဇွန်။
ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတုန်းကပါးဟက်တွေကနီနေပါတယ်။ဒါပေမယ့်အချိန်ကြာလာ
ရင်ပါးဟက်တွေကမည်းလာပါတယ်။စဉ်းစားကြည့်ပါ သတ္တ၀ါတွေသေပြီးတာနဲ့ တဖြည်းဖြည်း အတွင်းကနေပုပ်လာမဲလာတာပါပဲ။လူတောင်သေပြီးရင် အသားတွေမဲပြီး ခြောက်သွားတတ်တာ သဘာဝပဲလေ။ငါးသည်တွေဆီရောက်တဲ့အခါ ငါးတွေက ပါးဟပ်တွေမဲနေပြီ။ဒီတော့ဘာလုပ်လဲ။ ငါးတွေရဲ့ပါးဟပ်ထဲကို ဆိုးဆေးအနီမှုန့်တွေ ပက်ထည့်ပါတယ်။ငါးကပါးဟက်လေးတွေနီနေ
တာပေါ့။ဝယ်တဲ့သူတွေကလဲငါးပါးဟက်ကို ဖြဲကြည့်ကြတယ်။နီနေမှ။ပြီးတော့အိမ်ရောက်တော့ရေဆေး တဲ့အခါ သွေးတွေထွက်တယ်လိုကထင်ကြတယ်။တကယ်တော့ဆိုးဆေးတွေအရည်ပျော်ကုန်တာပါ။
ပြီးတော့ပုဇွန်...ပုဇွန်ကို အပြာရောင်ဖြစ်အောင်ဆိုပြီး မဲနယ်တွေဆိုး၊တချို့က ဒုတ္တာတွေဆိုး သတဲ့။ မဲနယ်ဆိုတာ သဘာဝဆိုပေမယ့်စားသုံးဖို့မသင့်တော်ပါဘူး။
ငံပြာရည်တွေမှာလဲ ဒုတ္တာတွေဆိုးထားတယ်ဆိုတာ ဟိုတစ်နေ့က သတင်းစာထဲမှာတွေ့လိုက်ရပါ
တယ်။
နောက်ထပ်အများကြီးရှိသေးတယ်။တစ်ခါကထားဝယ်သွားတုန်းက ဈေးထဲရောက်တာ အမဲရောင်
ဆိုးဆေးအမှုန့်တွေရောင်းနေတာတွေ့လို့ဘာလုပ်တာလဲလို့မေးကြည့်တော့"မုန့်ကုလားမဲလုပ်တာ"
တဲ့။ကောက်ညင်းငချိပ်ကဈေးကြီးလို့ ရိုးရိုးကောက်ညင်းကို အမဲရောင်ဆိုးထားတာတဲ့။

ဆိုးဆေးတွေကို ဘယ်မှာဝယ်လို့ရလဲ။များသောအားဖြင်းဈေးထဲက ပရဆေးဆိုင်တွေမှာ အစုံဝယ်လို့
ရပါ တယ်။အင်းစိန်ဈေး စီရုံက ပရဆေးဆိုင်မှာတထုပ်တစ်ရာနဲ့ ရောင်စုံရှိပါတယ်။ဇီးရောင်ယူမလား၊ လိမ္မော်ရောင် ယူ မလား။အရောင် စုံရသလို အနံ့အတုအရသာအတုတွေလဲရပါတယ်။အုန်းသီးအရသာ ရှိပါတယ်။ အုန်းစိမ်းရည်အရသာပေါ့။သံပရာ၊ဇီး၊နာနတ်၊အစုံရှိသလို။နာနတ်အနံ့တို့၊ဘာလီအနံ့တို့ အနံ့တွေလဲတော်တော်ရပါတယ်။ဒီလိုဆိုင်တွေ ရန်ကုန်မှာ ဒုနဲ့ဒေး။

ဟုတ်ပါပြီ။ဆိုးဆေးတွေစားတော့ဘာဖြစ်လဲ။ဆိုးဆေးတွေဟာ အရမ်းပြင်းထန်တဲ့အတွက် ခန္ဓာကိုယ် တွင်းရောက် ရင်အသည်းကိုထိခိုက်စေပါတယ်။အသည်းခြောက်တာ၊အသည်းကြွပ်တာတွေဖြစ်နိုင် ပါတယ်။ကင်ဆာရောဂါတွေအဓိက ဖြစ်ရတဲ့အကြောင်းက ဆိုးဆေးကြောင့်လဲပါတယ်လို့ ဆရာဝန်ကြီး တစ်ယောက်ကပြောဖူးပါတယ်။အခုဆိုမြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားတာ ခေတ်စားနေပါပြီ။ဟိုလူဆေးရုံ တက်ရ တယ်။မေးလိုက်တော့ကင်ဆာ။ဒီလူဆေးရုံတက်ရတယ် မေးလိုက်တော့ကင်ဆာ။မြန်မာနိုင်ငံဟာ WHO ရဲ့ ကင်ဆာဖြစ်ပွားမှုနိုင်ငံများစာရင်းမှာ ဒုတိယနေရာမျာရှိပါတယ်။ဘယ်အချိန် ပထမနေရာရောက် လာမယ်မှန်းမသိတာမို့ ပရိတ်သတ်များအနေနဲ့ ဂရုပြုကြဖို့အချိန်ရောက်နေပြီဖြစ်ပါကြောင်း

မောင်စိုင်း
(ကနောင်)
ယခုလက်ရှိဖြစ်ပွားနေတဲ့ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေအကြောင်းကို အလျဉ်းသင့် သလိုဖော်ပြပေး ပါမည်။ပိုးသတ်ဆေးဖြန်းထားသော အသီးအနှံများစားမိပြီး ချက်ချင်းသေဆုံးကြ သည့်အကြောင်းတွေဖြစ်ပါသည်။(မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအဖွဲ့အား အထူးကျေးဇူးတင်အပ်ပါသည်။)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။