ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များဖြစ်ပါသည်။ ကျွန်ုပ်တို့ကို
ထိုင်း-မြန်မာအစိုးရ UN , Mae Fah Luang Foundation ( MFLF ) မှ ဦးဆောင်ကာ
မြန်မာပြည်သို့ အတင်းအဓမ္မ ပြန်ပို့ရန် ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့ ဒုက္ခသည်
များ ဆန္ဒမပါဘဲ အတင်းအဓမ္မ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်း အပေါ် များစွာစိတ်ဒုက္ခများရောက်နေရပါ
မယ်လဒုက္ခသည် စခန်းတွင် လူဦးရေ (၄၃၀၀၀) ကျော်ရှိပြီး ထိုင်းနယ်စပ်တလျောက်
ဒုက္ခသည်စခန်း(၉) ခုမှ ဒုက္ခသည် စုစုပေါင်း (၁၄၀၀၀၀) ခန့်ရှိပါသည်။ ကျွန်ုပ်တို့ကို
မြန်မာပြည်သို့ အတင်အဓမ္မ ပြန်ပို့ရေးဆောင်ရွက်နေပါသဖြင့် ပြည်ပရောက်မြန်မာနိုင်ငံ
သားများးကို အားကိုးကြီးစွာကယ်တင်ရန် အကူအညီ တောင်းခံအပ်ပါသည်။
၁။ ယခုရောက်သောစာကို ပြည်ပရောက်မြန်မာနိုင်ငံသားများ အသင်းအဖွဲ့များသို့
ဖြန့်ဝေပေးပါရန်။
၂။ လက်ခံရရှိသောအဖွဲ့အစည်းမှ တဆင့်နီးစပ်ရာ UN ရုံးနှင့် HMW သို့ တင်ပြအရေး
ဆိုပေးပါရန်။
၃။ နိုင်ငံတကာအစိုးရနှင့် NGO များမှ ထိုင်းနိုင်ငံရောက်မြန်မာဒု
အဓမ္မ မပြန်ပို့ရေးကို တားဆီးနိုင်ရန်နှင့် ဒုက္ခသည်များကို အသိအမှတ်ပြု မှတ်ပုံတင်ရေး ကို ဆောင်ရွက်ပေးပါရန်။
MFLF မှ ၁၀.၅.၂၀၁၃ နေ့ရက်တွင် မယ်လဒုက္ခသည်စခန်းအတွင်းသို့ ဝင်ရောက်၍ ဒုက္ခ
သည်များအားမြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်ပို့ရန်အတွက် ကိုယ်ရေးအကျဉ်းချုပ်များကို
အင်အားသုံး၍ကောက်ခံမည်ဖြစ်ကြောင်း ကြိုတင်သတင်းရရှိထားပါသည်။ ကျွန်ုပ်တို့ ဒုက္ခသည်များအား နိုင်ငံတကာမှ အလေးထားပြီး ကူညီစောင့်ရှောက်နိုင်ရေးရရှိ
ကျွန်ုပ်တို့စခန်းအတွင်း၌ မီဒီယာများဝင်ရောက်ခြင်း၊ သတင်းရယူခြင်းများ ဆောင်ရွက်ခွင့်
မရှိစေရန်သတင်းအမှောင်ချထားပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ဘဝ ဖြစ်စဉ်ဖော်ထုတ်နိုင်ရန်အတွက် လူကြီးမင်းတို့အား အားကိုး တကြီး ဆောင်ရွက်ပေးပါရန် အနူးအညွန့် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ပါသည်
မယ်လဒုက္ခသည်စခန်း
တ(ခ်)ခရိုင်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။