Tuesday, February 5, 2013

အတိုက်အခံနဲ့ အစိုးရ

ယနေ့မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
ကမျက်နှာလွဲခဲပစ်လုပ်နေပါတယ်၊အရမ်းပျော့ညံ့လွန်းတယ်၊ NLD ဟာအတိုက်အခံ မဟုတ်တော့ဘူး။ ကြံ့ဖွတ်နဲ့ပေါင်းပြီး ပြည်သူကို နှိပ်ကွပ်နေတယ်၊ NLDဟာ စစ်အာဏာ ရှင်တွေရဲ့ နှပ်ကြောင်းထဲကို ၀င်နေပြီ စတဲ့အသံတွေစုံစနီဖာကြားနေရပါတယ်။
ဒီလိုပြောတဲ့လူတွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးက တကယ်ပဲစိုးရိမ်ပူပန်စိတ်နဲ့အပြု သဘောသတိပေးကြတဲ့သူနဲ့လုပ်သမျှကိုအဆိုးလိုက်မြင်ပြီးငါမလုပ်ရင်မဟုတ်ဘူးဆို
တဲ့ပုံစံနဲ့ ပြောနေတဲ့သူရယ်လို့ ခွဲလို့ရမယ်ထင်တယ်။ အဲဒီအပေါ်မှာမှကြံ့ဖွတ်အစိုးရရဲ့ အလုပ်မရှိကြောင်ရေချိုးတန်ပြန်မီဒီယာတွေကမီးလောင်ရာလေပင့်အရေးအသားတွေ
နဲ့တစိတ်ကိုတအိတ်လုပ်လိုက်ကြတော့ ဖောင်းပွကုန်တော့တာပဲ။

အကြောင်းအရာတခုကို ချဉ်းကပ်တော့မယ်ဆိုရင် ချဉ်းကပ်လို့ရမယ့်နည်းလမ်းတွေ
အများကြီးရှိနိုင်ပါတယ်။ သူ့အတွေး ကိုယ့်အတွေးဆိုတာလည်း မတူညီနိုင်ပါဘူး။
အပျက်သဘောနဲ့မြင်နိုင်သလို အပြုသဘောနဲ့လည်း စဉ်းစားလို့ရပါတယ်။ ဒီထဲမှာမှ
တိုင်းပြည်မှာဖြစ်သမျှတွေမှန်သမျှ NLD ကဘာမှမလုပ်လို့အပြစ်ပုံချဒေါ်အောင်ဆန်း

စုကြည်ကတိုင်းပြည်ကိုပစ်ပြီးထွက်ပြေးနေတယ်ဆိုပြီးနိုင်ငံရေးသဘာကြီးယောင်ယောင် ပညာရှင်ယောင်ယောင်နဲ့ အရေးအသားတွေကအဆိုးဆုံးပါပဲ။
မြန်မာပြည်သူတွေဟာ ကြံ့ဖွတ်ကို အစိုးရအဖြစ်လက်ခံထားရတာအရူးလင်လုပ်နေရ
သလိုပါပဲ။ဘယ်နေ့ဘယ်အချိန်ထပြီးစိတ်ဖောက်ပြန်မလဲဆိုတာစိုးတထိတ်ထိတ်ဖြစ်နေရ
တုန်းပါ။ ဒီစိတ်မမှန်သေးတဲ့အစိုးရရဲ့ အတိုက်အခံအဖြစ်ရပ်တည်နေရတဲ့ NLD ဆိုရင်
ပိုဆိုးနဲ့အခြေအနေနဲ့ရပ်တည်ရင်ဆိုင်နေရမှာပါ။အစိုးရနဲ့အတိုက်အခံဟာ ရွေးကောက်
ပွဲမှာမဲအရေအတွက်အသာရဖို့ နိုင်ငံရေး၊လူမှုရေး အရာအားလုံးမှာ မသိမသာရော
သိသိသာသာပါ ယှဉ်ပြိုင်နေရမယ်လို့ ထင်ပါတယ်။

ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကို ဆထက်ထမ်းပိုး တိုးပြီးဆောင်ရွက်နေရမှာပါ။အတိုက်
အခံနဲ့ အစိုးရဆိုတဲ့ ပုံမှန်အခြေအနေတခုမှာပဲ ပဋိပက္ခတခုကိုချဉ်းကပ်ကြည့်ပါမယ်။ ယခင်စစ်အစိုးရလုပ်ခဲ့တဲ့ယခုအရေခွံလဲအစိုးရရင်ဆိုင်နေရတဲ့ပဋိပက္ခတခုမှာအတိုက်
အခံ NLD ဟာ ကြားဝင်ဖြေရှင်းပြီ ဆိုပါစို့။ပြည်သူနဲ့ အစိုးရ အားပြိုင်မှုကနေ အတိုက်
အခံနဲ့အစိုးရအားပြိုင်မှုအသွင်ပြောင်းသွားပါလိမ့်မယ်။ဒီလိုအနေအထားမှာ ပြည်သူလူထု
ကမှန်ကန်ပြီးအစိုးရကအလျော့ပေးရမယ့် အခြေအနေတခုဆိုရင်တောင်မှ အတိုက် အခံပါလာပြီဖြစ်တဲ့အတွက်အစိုးရမှာအလျော့ပေးဖို့ ပိုပြီးအခက်တွေ့သွားစေနိုင်ပါတယ်။

အတိုက်အခံမပါတဲ့အခြေအနေမှာအစိုးရအနေနဲ့လည်းသူတို့ကိုပြည်သူကယုံကြည်
လာစေလိုမှုနဲ့ ပြည်သူ့ဆန္ဒကို လိုက်လျောမယ့်အခြေအနေ ရှိကောင်းရှိမှာပါအတိုက်
အခံဝင်ပါနေတဲ့ ကိစ္စတခုမှာ အစိုးရကအလျော့ပေးလိုက်လျောလိုက်တာနဲ့ပြည်သူတွေ

အနေနဲ့အတိုက်အခံပါတီက၀င်ဖြေရှင်းပေးလို့ဒီကိစ္စအနိုင်ရလိုက်တဲ့ဆိုတဲ့အသိဝင်
သွားပြီးအတိုက်အခံကိုယုံကြည်ကိုးစားမှုအားကောင်းလာမယ်။အစိုးရအနေနဲ့တော့
သူ့ကိုယ်သူသေတွင်းထဲပို့လိုက်တယ် ဆိုတာ ကြံ့ဖွတ်အစိုးရက မတွက်မိဘဲနေမှာ

မဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူနဲ့အစိုးရ အားပြိုင်မှုကို အတိုက်အခံကကြားဝင်မယ်
ဆိုရင် အတိုက်အခံနဲ့အစိုးရ အားပြိုင်မှုအသွင်ပြောင်းသွားပြီး ပြည်သူကမြေဇာပင်
ပိုဖြစ်သွားနိုင်တယ်လို့ ထင်မိပါတယ်။


အတိုက်အခံဝင်မပါဘဲ ပြည်သူနဲ့အစိုးရ အားပြိုင်မှုအနေအထားမှာပဲ အစိုးရကပြည်သူ့
ဆန္ဒကိုမလိုက်လျောခဲ့ရင်ဒီအစိုးရဟာသူ့ဟာသူပဲပြည်သူရဲ့ယုံကြည်ကိုးစားမှုအားလျော့
သထက်လျော့သွားနိုင်ပါတယ်။ အကယ်၍ အတိုက်အခံက၀င်ပြီးဖြေရှင်းပေးပေမယ့် အစိုးရက ပြည်သူ့ဆန္ဒကိုမလိုက်လျောခဲ့ရင်ပြည်သူတွေရဲ့စိတ်ထဲမှာ“ငါတို့ယုံကြည်ရကိုး

စားရတဲ့ ခေါင်းဆောင်နဲ့သူ့ပါတီတောင် လုပ်ပေးလို့မရပါဘူး” ဆိုတဲ့အတွေးနဲ့ စိတ်ပျက် အားလျော့မှုဝင်လာပြီး အတိုက်အခံကိုပါ ယုံကြည်ကိုးစားမှု အနည်းနဲ့အများလျော့နည်း
သွားနိုင်ပါတယ်။

ဒါကြောင့် ပြဿနာတိုင်းမှာ အတိုက်အခံပါတီဟာ ကြားဝင်ဖြေရှင်းမယ်ဆိုခဲ့ရင်အစိုးရနဲ့ ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်လည်း အကျိုးသိပ်မဖြစ်စေနိုင်ပါဘူး။အတိုက်အခံ
ပါတီကိုယ်တိုင်လည်း အကျိုးမဲ့စေနိုင်ပါတယ်လို့ သုံးသပ်မိပါတယ်။

ဒါဖြင့်အတိုက်အခံNLDကဘာမှမလုပ်ဘဲဒီတိုင်းထိုင်ကြည့်နေတော့မှာလားလို့မေးစရာ

ရှိပါတယ်။ မေးသင့်တဲ့မေးခွန်းပဲလို့ထင်ပါတယ်။ ပြဿနာတခုကိုဝင်ဖြေရှင်းမယ်ဆိုရင်
လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲဆိုတာကို ပြန်စဉ်စားရမှာပါ။အတိုက်အခံNLDဟာ

နိုင်ငံရေးပိုင်းအရအကောင်အထည်ဖော်နိုင်မှုအားနည်းနေပါသေးတယ်။ဒါကိုလည်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလုပ်ပိုင်ခွင့်မရှိသေးကြောင်း၊အာဏာရမှလုပ်နိုင်
မှာဖြစ်ကြောင်းဝန်ခံပြောကြားထားပါတယ်။အဆုံးအဖြတ်ပေးနိုင်တဲ့လွှတ်တော်ထဲမှာ
လည်းNLDဟာမဆိုစလောက်နေရာလေးသာရထားသေးတဲ့အတွက်အဓိကပြဿ
နာတွေမှာကြံ့ဖွတ်အစိုးရနဲ့ယှဉ်ပြိုင်ပြောနိုင်တဲ့အင်အား နည်းနေပါသေးတယ်။ ဒါပေမယ့် ပြဿနာတွေတိုင်းမှာလူမှုရေးအဖွဲ့အသွင်နဲ့ရှိနေကြတဲ့ အဖွဲ့အစည်းတွေ၊ ကွန်ယက်တွေကနည်းလမ်းပေါင်းစုံနဲ့ဝိုင်းဝန်းကူညီနေကြပြီး ပြည်သူဖက်ကရပ်
တည်ပေးနေကြပါတယ်။မြင်အောင်ကြည့်မယ်ဆိုရင် ဒီအဖွဲ့အစည်းတွေက အစိုးရ ရဲ့အားလား၊အတိုက်အခံရဲ့အားလား ဆိုတာ သိနိုင်မယ်ထင်ပါတယ်။

အတိုက်အခံ NLD အနေနဲ့လည်း လက်ရှိလုပ်နိုင်တဲ့အခြေအနေ အနေအထားအရ
လူမှုရေး၊ပညာရေး၊စီးပွားရေးပိုင်းတွေကိုတရှိန်ထိုးအကောင်အထည်ဖော်ဆောင်
ရွက်နေပြီးနိုင်ငံရေးအရ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ဖို့အကောင်အထည်ဖော်ကြိုး
စားနေတယ်လို့ တွေးမိပါတယ်။


(စာရေးသူရဲ့ လူပြိန်းအတွေးသာ ဖြစ်ပါတယ်။ မည်သူမဆို လွတ်လပ်စွာသဘောကွဲလွဲနိုင်
ပါတယ်။)

မောင်ပါလ
၀၃.၀၂.၂၀၁၃

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။