ယနေ့ မွန်းလွဲပိုင်းတွင် ''ဥပဒေနှင့်
မညီညွတ်သည့် မင်းမဲ့ စရိုက်များ၊ အုပ်စု ဖွဲ့ အနိုင်ကျင့်သည့် ဒီမိုကရေစီ
အနိုင်ကျင့် မှုများ၊ ဒီမိုကရေစီ အလွဲသုံးမှု များကို လျစ်လျူရှုလျှင်
တိုင်းပြည် နစ်နာမည် ဖြစ်ကြောင်း'' ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက
ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် သီရိဇေယျ အနော်ရထာ ခန်းမ၌ ကျင်းပသည့်
မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူ များအား တွေ့ဆုံပွဲ အခမ်းအနားတွင်
ထည့်သွင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး
ဦးဥာဏ်ထွန်းအောင်နှင့် ဒေါက်တာ ဖေသက်ခင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်း
ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဒုတိယ ဝန်ကြီးများ၊
တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော်
ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ
အကြီးအကဲများ၊ နိုင်ငံ ရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိ
ရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်
တော်ဝင်မီဒီယာ
ယနေ့ မွန်းလွဲပိုင်းတွင် ''ဥပဒေနှင့် မညီညွတ်သည့် မင်းမဲ့ စရိုက်များ၊ အုပ်စု ဖွဲ့ အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့် မှုများ၊ ဒီမိုကရေစီ အလွဲသုံးမှု များကို လျစ်လျူရှုလျှင် တိုင်းပြည် နစ်နာမည် ဖြစ်ကြောင်း'' ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် သီရိဇေယျ အနော်ရထာ ခန်းမ၌ ကျင်းပသည့် မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူ များအား တွေ့ဆုံပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် ဒေါက်တာ ဖေသက်ခင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဒုတိယ ဝန်ကြီးများ၊ တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံ ရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။