![]() |
ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲ(၂၀၁၂)တွင်ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားစဉ် |
မြန်မာဆိုသည်မှာ
မြန်မာနိုင်ငံအတွင်း စည်းလုံးညီညွှတ်စွာ စုပေါင်းမှတင်းနေထိုင်ကြ သော
တိုင်းရင်းသား ညီမကို မောင်နှမများ (ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်)စသော
မျိုး နွယ်စုပေါင်း ၁၀၀ ကျော်ကို ကိုယ်စား ပြု ခေါ်ဆိုသော ဗမာကို ကိုယ်စားပြု၍ Burma(ဘားမား) ဟု အင်္ဂလိပ် အသံထွက်နှင့်
မှည့်ခေါ်ခဲ့ခြင်းဖြစ် သည်၊ ပထမမြန်မာနိုင်ငံ(ပုဂံခေတ်)၊ ဒုတိယ မြန်မာနိုင်ငံ
(ဟံသာဝတီခေတ်)၊ တတိယ မြန်မာနိုင်ငံ (ကုန်းဘောင် ခေတ်)ဟု သမိုင်းခေတ်
အဆက်ဆက်နှစ်ပေါင်း ၁၀၀၀ ကျော် ထင်ပေါ်ကျော်ကြားခဲ့သည့် မြန်မာနိုင်ငံ (Myanmar) အား
အန်တီစု(ဒေါ်စုကြည်)မှ ယခုကဲ့သို့ ဘားမား(Burma)ဟု အကြိမ်ကြိမ် တမင် ခေါ်ဆိုသုံးစွဲ
လိုက်ခြင်းသည် ကျွန်မလို မြန်မာတိုင်းရင်းသူတဦးအနေဖြင့်လည်းကောင်း၊
မျိုးနွယ်စုပေါင်း ၁၀၀ ကျော်ရှိ တိုင်းရင်းသား/များ ကိုယ်စားလည်းကောင်း၊ များစွာစိတ်မကောင်းဖြစ်ရပြီး မြန်မာနိုင်ငံ၌ အေးအတူပူအမျှအတူတကွနေကြရင်းဆုံးဖြတ်ထားသည့်မြန်မာတိုင်းရင်းသားများအကြား၊ ဗမာလူမျိုးကြီးဝါဒကိုသွတ် သွင်း ရန်ကြိုးပမ်း နေပေသေးလားဟုများစွာသံသယ များဝင်ခဲ့စေပါသည် ။
မြန်မာနိုင်ငံ တိုင်းရင်းသားများ ကိုယ်စား အန်တီစုအား ပြောကြားလိုသည်မှာ မြန်မာ နိုင်ငံအား ရည်ညွန်းရာ တွင် တရားဝင်အမည်ဖြစ်သော “Myanmar” ဟုခေါ်ဆိုသုံးစွဲရန်နှင့် ကိုလိုနီခေတ်အမည် “Burma”ကို လုံးဝ ခေါ်ဝေါ်မသုံးစွဲသင့်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည် ။
တိုင်းရင်းသူတစ်ဦး

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။