Thursday, January 24, 2013

မြန်မာနိုင်ငံတွင်ကလေးစစ်သားများဆက်လက်အသုံးပြုနေ

ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့မှကလေးစစ်သားတစ်ဦး

မြန်မာနိုင်ငံမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေသည်ဆိုပေမယ့်လည်းစစ်တပ်
အတွင်းမှာကလေးစစ်သားအသုံးပြုမှုတွေဆက်လက်ရှိနေဆဲဖြစ်လို့အသေအချာစောင့်
ကြည့်သင့်တယ်လို့ မြန်မာနိုင်ငံအတွင်းသု တေသနလုပ်ခဲ့တဲ့ Child Soldiers
International  အုပ်စုကပြောခဲ့ပါတယ်။

ဇွန်လက မြန်မာအစိုးရဟာကုလသမဂ္ဂနှင့်တွဲပြီးကလေးစစ်သားအသုံးပြုတာတွေ
ပပျောက်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့သဘောတူခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်က မြန်မာ
နိုင်ငံနဲ့ထိုင်းနိုင်ငံအတွင်းမှာသုတေသနမစ်ရှင် ၃ခုနဲ့ဆောင်ရွက်ခဲ့တဲ့ Child Soldiers
Internationalက မြန်မာစစ်တပ်ဟာကလေးစစ်သား၄၂ဦးကိုပြန်လည်လွှတ်ပေးခဲ့တာတွေ့
ရပြီးဒိထက်ပိုမိုလွှတ်ပေးလိမ့်မယ်ထင်ကြောင်းပြောခဲ့ပါတယ်။

ဒါပေမယ့်စစ်တပ်၊နယ်ခြားစောင့်တပ်ဖွဲ့နဲ့ သောင်းကျန်းသူအုပ်စုတွေဟာကလေးတွေကို
စစ်သားအဖြစ်ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီးစစ်တပ်အတွင်းမှာလည်းရာထူးများတိုးဖို့
ဖိအားပေးခြင်းခံနေကြရပြီးစစ်သည်အစားထိုးရှာဖွေပေးနိုင်သူတွေဟာဆုကြေးတွေရပြီး စစ်တပ်မှစောစောထွက်ခွင့်ရတယ်လို့လဲလန်ဒန်အခြေစိုက် Child Soldires International အုပ်စုကပြောခဲ့ပါတယ်။


အသက် ၁၈နှစ်အောက်အပါအဝင် လူသစ်များအစားထိုးနိုင်ဖို့အတွက် စစ်တပ်အရာရှိများနဲ့ တရားဝင်မဟုတ်တဲ့လူသစ်ရှာဖွေသည့်အေးဂျင့်တွေဟာ ခြိမ်းခြောက်ခြင်း၊အကျပ်ကိုင်ခြင်းများနဲ့အတင်းအဓမ္မနည်း တွေကိုဆက်လက်အသုံးပြု နေတယ်လို့လဲ  Child Soldires
International ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင ကျောင်းမှပြန်လာစဉ်လမ်းမှာတွေ့ရတဲ့ကလေးတွေ ဒါမှမဟုတ် ဆင်ခြေဖုံးဒေသက ဘတ်စ်ကားမှတ်တိုင်များ၊ဘူတာရုံနဲ့ဈေးတွေမှာတွေ့ရတဲ့ကလေးတွေကိုလဲ အရပ်သားများ
ဒါမှမဟုတ်ရဲ တွေကကလေးစစ်သားအဖြစ်အစားထိုးရှာဖွေပေးခဲ့တယ်လို့လည်းအစီရင်ခံစာ
မှာဖော်ပြထားပါတယ်။

ကလေးစစ်သားအရေအတွက်အတိအကျကိုဖော်ပြဖို့ကတော့ခက်ခဲပြီးလွန်ခဲ့သည့်နှစ်က ကုလသမဂ္ဂအစီရင်ခံစာမှာ ၂ဝ၁၁ခုနှစ်က အရွယ်မရောက်သေးသည့်ကလေးစစ်သားအစား
ထိုးမှုအတွက်တိုင်ကြားချက်တွေလက်ခံရရှိခဲ့တယ်ဆိုပေမယ့်  Child Soldires Internationalကဒီအရေအတွက်ဟာကလေးစစ်သားအစားထိုးသည့်အရေအတွက်ရဲ့
တစ်စိတ်တစ်ပိုင်းမျှသာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

မြန်မာအစိုးရငြိမ်းချမ်းရေးအကျိုးဆောင်တွေရဲ့တိုင်းရင်းသားလက်နက်ကိုင်များနဲ့
ငြိမ်းချမ်းရေးရဖို့ကြိုးပမ်းမှုတွေဟာကလေးစစ်သားအသုံးပြုမှုပပျောက်ရေးသဘော
တူညီချက်ကိုအကျိုးသက်ရောက်တဲ့ရလဒ်ပေါ်ပေါက်လာမည်ဟုမျှော်လင့်တယ်လို့
လည်းဆိုပါတယ်။

တပ်ရင်းတပ်ဖွဲတွေအားလုံးမှာ ဗဟိုကသတင်းအချက်အလက်ထိန်းချုပ်မှုတွေဖန်တီးပြီး
အသက်တွေစစ်ဆေးနိုင်ဖို့အတွက်မြန်မာနိုင်ငံကိုနည်းပညာအကူအညီပေးနိုင်ရန်ဖို့
လည်းသူတို့ရဲ့အစီရင်ခံစာမှာထောက်ခံထားပါတယ်။ဒါ့အပြင်အစီရင်ခံစာမှာအသက်
မပြည့်သေးသူတွေကိုအစားထိုးခန့်တဲ့သူတွေကိုအပြစ်ပေးနိုင်ဖို့အာမခံနိုင်ရန်ကိုလည်း
အာဏာပိုင်တွေကိုတောင်းဆိုခဲ့ပြိးကုလသမဂ္ဂမှအဖွဲ့တစ်ဖွဲ့ကကလေးတွေရှိနိုင်မယ်လို့
ယူဆရတဲ့တပ်တွေဆီကိုသွားရောက်သင့်ပြီးဒီကိစ္စအတွက် သောင်းကျန်းသူများနှင့်တွေ့
ဆုံဆွေးနွေးသင့်တယ်လို့လဲအစီရင်ခံစာမှာဖော်ပြထားပါတယ်။

အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ကလေးစစ်သား ၂ယောက်ကတော့ကရင်တိုင်းရင်းသား
အုပ်စုထဲကခရစ်ယန်သောင်းကျန်းသူအုပ်စုကို ခေါင်းဆောင်ခဲ့တဲ့အသက်၁၂နှစ်သာ
ရှိသေးတဲ့ ဂျော်နီနဲ့လူသာထူးတို့ပဲဖြစ်ကြပါတယ်။ဒီညီအကို၂ယောက်ဟာ သေနတ်ပီး
တယ်လို့လဲယုံကြည်ထားခဲ့ကြပါတယ်။ဒိကလေးတွေကိုဓာတ်ပုံရိုက်ထားတဲ့အချိန်က
သူတို့ကိုင်ထားတဲ့သေနတ်တွေဟာကလေးတွေရဲ့အရပ်အမောင်းထက်တောင်ပိုရှည်
နေတာတွေ့ရပီးအခုတော့ဒီကလေး၂ယောက်ဟာ၂၀၀၁ခုနှစ်တုန်းကထိုင်းစစ်တပ်မှာ
လက်နက်ချခဲ့ကြပြီးဖြစ်ပါတယ် ။

source : thestar.com.my

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။