Saturday, January 26, 2013

လဂျားယန်တပ်စခန်းအား ကယ်တင်ခြင်း

မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိဗန်းမော်မြို့ကိုဆက်သွယ်ထားသောအရှည်
၁၁၄ မိုင် ရှိ ပြည်ထောင်စုလမ်းမကြီးသည် ကချင်ပြည်နယ်၏အသက်သွေးကြော
သဖွယ်အရေးပါလှပါသည်။ ဒေသနေ ပြည်သူအများစုမှာဤလမ်းမကြီးကိုအမှီ
သဟဲပြု နေ့ညဖြတ်သန်းသွားလာနိုင်ပြီး မြစ်ကြီးနားမှဗန်းမော်မြို့ထိခရီးသည် ၆
နာရီခရီးသာကွာဝေးပါသည်။ယင်းခရီးတစ်ဝက်ခန့်တွင်လဂျားယန်ရွာရှိပြီးလဂျား
ယန်သည်လိုင်ဇာမြို့၏ဝင်ထွက် ပေါက်လည်း ဖြစ်ပါသည်။

ကချင်ပြည်နယ်သည်၁၉၉၄ခုနှစ်၊KIAတို့ငြိမ်းချမ်းရေးယူစဉ်ကတည်းကတည်ငြိမ်အေး
ချမ်း နေခဲ့ပြီး ဖြစ်ပါသည်။၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်တာပိန် ရေအားလျှပ်စစ်
စီမံကိန်းလုံခြုံရေးတာဝန်ထမ်းဆောင် နေသောတပ်မတော်အရာရှိနှစ်ဦးအား KIA
တို့မှဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့်၎င်းကိစ္စအပေါ် အေးချမ်းစွာ ဖြေရှင်းရန်သွားရောက်ခဲ့
သည့်အခြေချစစ်ဗျူဟာမှူးဦးစီးစစ်ကြောင်းကိုဆန်ခါစခန်း၊ ထုံးဘိုစခန်းများရှိ KIA တို့
မှ စောင့်ကြိုပစ်ခတ်ခဲ့ရာမှတပ်မတော်နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။


လဂျားယန်တပ်စခန်းသည် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးနှင့်နယ်မြေ အေးချမ်းရေး
အတွက်အရေးပါသောတပ်စခန်း ဖြစ်ပါသည်။ယင်းစခန်းသည် ၁၉၉၄ ခုနှစ်၊ KIA တို့ နှင့်
ငြိမ်းချမ်းရေးမယူစဉ်ကတည်းကမိမိတပ်မတော်မှအခြေချခဲ့ပြီးနယ်မြေလုံခြုံရေး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆောင်ရွက်ထားမှုကိုအခွင့်ကောင်းယူကာ KIA တို့က
လဂျားယန်စခန်းအနီးသို့တိုးချဲ့လှုပ်ရှားအခြေပြုလာကြသဖြင့်ပုံတွင် ဖေါ်ပြထားသည့်
အတိုင်း တပ်မတော်စခန်းငယ်တစ်ခုအား KIA အင်အားအများအပြား ဖြင့်ဝိုင်းပတ်ပိတ်
ဆို့ထားသည့်အခြေအနေသို့ရောက်ရှိခဲ့ရပါသည်။

လဂျားယန်တွင်တာဝန်ထမ်းဆောင်ရသည့်စစ်သည်များအတွက်ရိက္ခာပို့ဆောင်သည့်
လုပ်ငန်းသည်စစ်ဆင်တိုက်ခိုက်ရန်လှုပ်ရှား ဆောင်ရွက်သည့်ကိစ္စမျိုးမဟုတ်ဘဲသာမန်
လုပ်ရိုးလုပ်စဉ်အုပ်ချုပ်မှုကိစ္စသာ ဖြစ်ပါသည်။ ယင်းသို့လုပ်ဆောင်သည့်အချိန်တိုင်း
တပ်မတော်အနေဖြင့်အသိပေးရနမလိုသော်လည်းKIAအဖွဲ့ထံစာဖြင့်ကြိုတင်အသိပေး
အကြောင်းကြားပြီးမှသာဆောင်ရွက်ခဲ့ပါသည်။သို့သော်ရိက္ခာပို့ဆောင်စဉ်တိုင်းKIAတို့မှ
အင်အားစုစည်း၍ နေရာအနှံ့အပြားမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။၂၀၁၂ ခုနှစ်၊ ဒီဇင်
ဘာလ ၂၃ ရက်နေ့တွင်လဂျားယန်လုံခြုံရေးတပ်စခန်းသို့ရိက္ခာပို့ဆောင်မည့်အကြောင်း
ကို ငြိမ်းချမ်းရေးအကျိုး တော်ဆောငအဖွဲ့မှတစ်ဆင့် KIA အဖွဲ့ထံတရားဝင်စာဖြင့်
အကြောင်းကြား ခဲ့ပါသည်။ KIAတို့က စောင့်ကြိုတိုက်ခိုက်ခဲ့ ပြန်ပါသည်။ရိက္ခာပို့ဆောင်ခဲ့
သည့်အကြိမ်တိုင်း KIA တို့၏ စောင့်ကြို တိုက်ခိုက်မှုကြောင့်စုစုပေါင်းတပ်မတော်သား ၃၅ ဦးကျဆုံးကာ၁၉၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။

လဂျားယန်စခန်းရှိစစ်သည်များအနေဖြင့်ဒီဇင်ဘာလ ၁၅ရက်နေ့တွင်ရိက္ခာကုန်မည်ဖြစ်
သော်လည်းကျန်ရှိသည့်ရိက္ခာအနည်းငယ်အားရိက္ခာလာရောက်ပို့ဆောင်သူများမရောက်
မီအချိန်အတွင်း နေ့စဉ် ချွေတာစားသုံး နေခဲ့ရပါသည်။ဤသို့စားသုံး နေရသည့်ရက်များ
ရှည်ကြာလာခဲ့သည့်အတွက်ရိက္ခာလက်ကျန်မရှိတော့သည့်အခြေအနေသို့ဆိုက်ရောက်ခဲ့
ရပြီးအချိန်မီရိက္ခာမပို့ဆောင်နိုင်ပါကအစာရေစာ ပြတ်လပ်၍ သေဆုံးခြင်း၊သို့မဟုတ် KIA
မှဖမ်းဆီးမှုခံရခြင်း၊သို့မဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ်ရှိပါသည်။ယင်းအခြေအနေတွင် KIA
တို့ကလဂျားယန်စခန်းအားအပြင်မှသံဆူးကြိုးကာရံ၍အဆက်အသွယ် ဖြတ်တောက်ပိတ်ဆို့
ထားခဲ့ပါသည်။

လဂျားယန်တပ်စခန်းမှစစ်သည်များ၏ရိက္ခာ ပြတ်လတ်မှုနှင့်လုံခြုံရေးအန္တရာယ်များတွေ့
ကြုံနေရသည့်အခြေအနေတို့မှကယ်တင်နိုင်ရန်တပ်မတော်အနေဖြင့်လမ်းကြောင်းရှင်း
လင်းသည့်တိုက်ခိုက်မှုတစ်ခုကိုရည်မှန်းချက်ကန့်သတ်ချက်၊နယ်မြေကန့်သတ်ချက်နှင့်
အင်အားကန့်သတ်ချက်တို့ထားရှိပြီးမလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရပါသည်။

ယင်းတိုက်ခိုက်မှုတွင် KIA တို့မှယခင်ထင်မှတ်ထားသည်ထက်အင်အားများပြားလွန်းနေခြင်း
နေရာအများအပြားတို့မှအခိုင်အမာခံစစ်ဆင်ပိတ်ဆို့ထားခြင်း မြေမြှုပ်မိုင်းများ၊ချိန်ကိုက်မိုင်း
များ ၊ဆွဲမိုင်းများအများအပြားအသုံးပြုတိုက်ခိုက်ခြင်း ၊တပ်မတော်စစ်ကြောင်းများချီတက်ရာ လမ်းဝဲယာ တောင်ကုန်းများပေါ်မှ ပြင်းထန်စွာပိတ်ဆို့ခုခံခြင်းများကြောင့်တပ်မတော်
အနေဖြင့်လဂျားယန်စခန်းသို့ရိက္ခာအချိန်မီ ရောက်ရှိရေးအလို့ငှာအရပ်သားပစ်မှတ်များကို
မထိခိုက စေဘဲအကန့်အသတ်ဖြင့်ပစ်ကူရယူတိုက်ခိုက် ဆောင်ရွက်ခဲ့ရပါသည်။

နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့သည်ငြိမ်းချမ်းရေးကိုအမှန်ပင်လိုလားကြောင်းထပ်ခါတ
လဲလဲပြောကြားခဲ့ပြီးဖြစ်ပါသည်။၂၀၁၁ခုနှစ်၊ဒီဇင်ဘာလ၁၀ရက်နေ့တွင် နိုင်ငံတော်သမ္မတ
ကထိုးစစ်ဆင်တိုက်ခိုက်မှုများမပြုလုပ်ရန်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးတပ်မတော်အနေဖြင့်
တိကျစွာလိုက်နာလျက်ရှိပါသည်။KIAအဖွဲ့နှင့်လည်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုအလွတ်
သဘော၎ ကြိမ် ၊ပြည်နယ်အဆင့် ၃ ကြိမ် ၊ ပြည်ထောင်စုအဆင့်၎ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါ
သည်။

သို့သော် KIA အဖွဲ့အနေဖြင့်၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၅
ရက်နေ့ထိတပ်မတော်စစ်ကြောင်းများသာမကစစ်ရေးအရမဟုတ်သည့်လမ်းတံတားများ
အားဖောက်ခွဲဖျက်ဆီးခြင်း ၁၉၈ ကြိမ်၊ အရပ်သားများအားမိုင်းဖြင့်တိုက်ခိုက်ခြင်း ၆၆ ကြိမ် ၊
လုယက်ဖျက်ဆီးခြင်း ၉၈ ကြိမ် ၊ လူသစ်များအဓမ္မဖမ်းဆီးခြင်း ၃၅ ကြိမ် ပြုလုပ်ခဲ့ပါသည်။

၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၃၀ရက်နေ့ ရွှေလီမြို့တွင်ပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွင် နှစ်ဘက်ကြိုတင်ညှိနှိုင်းချက်အရတပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန်
တပ်မတော်မှဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကိုပင်လျှင်အဖွဲ့ဝင်အဖြစ် စေလွှတ် ပေးခဲ့ပါသည်။
KIAဘက်မှအရေးပါသည့်ခေါင်းဆောင်ပိုင်းတက်ရောက်မှုမရှိခဲ့ခြင်းကြောင့်ထိရောက်သည့်
ဆွေးနွေးမှုများမပြုလုပ် နိုင်ခဲ့ခြင်းမှာယခုကဲ့သို့တိုက်ပွဲများ ဖြစ်ပွားလာရခြင်း၏အခြေခံ
အကြောင်းတစ်ချက်ဖြစ်ပါသည်။

၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၃၀ရက်နေ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲအထမမြောက်ခဲ့
သော်လည်းပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီမှ၂၀၁၂ခုနှစ်
၊ဒီဇင်ဘာလ၁၃ရက်နေ့တွင်၁ ကြိမ်၊၂၀၁၃ခုနှစ် ၊ဇန်နဝါရီလ၁၉ရက်နေ့တွင်၁ ကြိမ် KIO အဖွဲ့ထံသို့တရားဝင်ကမ်းလှမ်းမှုများဆက်လက်ပြုလုပ်ခဲ့ပါသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သတင်းထုတ် ပြန်ရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်
( ၃ / ၂၀၁၃ ) ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော်လည်း
၎င်းနေ့တွင်ပင်တရားဥပဒေစိုးမိုးရေး ဆောင်ရွက် နေသောကာမိုင်း ပြည်သူ့ရဲစခန်းအား
ဝင်ရောက်တိုက်ခိုက်ခြင်း ၊ဗန်းမော်-လွယ်ဂျယ်လမ်းရှိအရပ်သားကားများမိုင်းခွဲတိုက်
ခိုက်ခြင်း၊ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီများအားဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း
စုစုပေါင်း ၁၁ ကြိမ်အကြမ်းဖက်တိုက်ခိုက်ခဲ့ပါသည်။


အချုပ်အားဖြင့်တပ်မတော်အနေဖြင့်တိုင်းရင်းသားများအားတိုက်ခိုက်ခြင်းမဟုတ်ဘဲ
လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့ စေရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်
အား နှောင့်ယှက်ဖျက်ဆီးလျက်ရှိသောမည်သည့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းကို
မဆိုတပ်မတော်၏တာဝန်အရကာကွယ်တိုက်ခိုက်ရခြင်း ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

ပြည်ချစ်သား (HTTP://PYICHIT-THAR.BLOGSPOT.COM/2013/01/BLOG-POST_2643.HTML)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။