Sunday, August 25, 2013

မလေးရှားနိုင်ငံတစ်ဝှမ်းတရားမဝင်နေထိုင်သူများရှင်းလင်းရေး စတော့မည်

ယနေ့ မလေးရှားရောက် မြန်မားနိုင်ငံသားများအတွက် သိသင့်သိထိုက်တဲ့ အထူး
သတင်းတစ်ခုအနေနဲ့ မလေးရှား အစိုးရ၏ 6P စီမံချက် ရဲ့ နောက်ဆုံးအဆင့်
တစ်ခု ဖြစ်တဲ့ Enforcement အစီအစဉ်ကို လာမည့် ၁.၉.၂၀၁၃ မှာ စတင်တော့မှာ
ဖြစ်ကြောင်း နာမည်ရှိသတင်းဌာန Thestar က မနေ့က တရားဝင်ကြော်ငြာသွားခဲ့
ပါတယ် ။

Enforcement Operation လို့အမည်တပ်ထားတဲ့ ထိုစီမံချက် ( အော်ပရာစီ )
အတွက် မလေးရှားနိုင်ငံလုံးရှိ ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ စစ်တပ် နှင့် 6P အစီအစဉ်ရဲ့တာဝန်ခံ အေးဂျင်းများ ၊ UN ကဒ်တရားဝင်ရရှိထားသူများအတွက် UN
မှတာဝန်ရှိသူများ အားလုံး စုပေါင်းပါဝင်မည့်အကြောင်းကို စုံစမ်းသိရသည် ။

သို့ကြောင့်မလေးရှားရောက် တရားမဝင်နေထိုင်လျှက်ရှိနေသာ မြန်မာနိုင်ငံသားများ
အားလုံးအနေနဲ့ အထူးသတိပြုရတော့မည့် အချိန်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာ
များ Facebook စာမျက်နှာမှ သတိပေး တင်ဆက်ရပါသည် ။

ပြီးခဲ့သည့် 6P စီမံချက်အတွင်း ပြုလုပ်ခဲ့သော Enforcement အစီအစဉ် အတိုင်း
တရားမဝင် အလုပ်သမားများ ရှိသည့် စက်ရုံ ၊ အလုပ်ရုံ ၊ စားသောက်ဆိုင်များ ၊
တရားမဝင် အလုပ်သမားများနေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာနေရာများ
ကို ၁.၉.၂၀၁၃ မှစတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည် ။

မလေးရှားရောက် ပါမစ်အမှန်မရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် အဆိုပါ
စီမံချက်အား သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက အသိပေးတင်ဆက်သည် ။

မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
www.edinooyin.com

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။