ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး
မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံ
မှ
မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua
သတင်းဌာနတို့
၏ ဖော်ပြချက်အရ၁၇-၈-၂၀၁၃ရက်တွင်သတင်းရရှိသည်။အလားတူပင်ကမ္ဘာ့ဖော်ရွေမှု
အကင်း မဲ့ဆုံးမြို့၂၀ နှင့် နိုင်ငံတို့ကိုလည်း
ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့
လည်း ပါဝင်နေသည်ဟု
ဖော်ပြချက်များမှ သိရသည်။
CNN
သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏
စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀
ကျော်
ထံမှ သုံးသပ်ချက်များကို အတည်ပြု ထားခြင်း ဖြစ်ကြောင်းသိရသည်။
“နယူးယောက်မြို့
နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့
ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ
တွေ့ရပါတယ်” ဟု Conde Nest
Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ Florianopolis (ဘရားဇီး)၊ Hobart
(Tasmania)၊
(Thimpu) (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South
Carolina)၊
Cork (အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး (မြန်မာ)၊ Margaret
River (သြစတေး
လျ)၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊
Chaingmai (ထိုင်း)၊
Christchurch (နယူးဇီလန်)၊ Dubblin (အိုင်ယာလန်)၊
Galenal(Illinois)၊ Victoria
( British Columbia)၊ Auckland (နယူးဇီလန်)၊
Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်)နှင့် Asheville (North
Corolina) တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည်ကမ္ဘာလှည့်ခရီးသွားများနှင့် နှစ်သက်မှုရှိသော တိုင်းပြည်တစ် ခုဖြစ်နေ
ပြီး
မြန်မာနိုင်ငံ ကို ရောက်ဖူးသူအများစုထံမှ ပြောနေကျစကားဖြစ်သည့်“မြန်မာတွေက
သဘောကောင်းကြ တယ်။ ဖော်ရွေ တယ်။ နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား
အရေးတယူ ရှိကြပုံပါပဲ” ဟူသော အချက်နှင့် ကိုက်ညီစွာပင်ယခုကဲ့သို့ကမ္ဘာကျော်ခရီးသွား မဂ္ဂဇင်းနှင့်ကမ္ဘာကျော် သတင်း ဌာနများက ရေးသား
ဖော်ပြလာခြင်းဖြစ်ကြောင်း ၂၀၁၃
ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ
ဂျာနယ်တွင် ဖော်ပြထားပါသည်။
ပြည်မြန်မာ
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။