နိုင်ငံတော် သမ္မတဦးသိန်းစိန်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေး
ကိုယ်စားလှယ်
မစ္စတာကင်တားနားအား လက်ခံတွေ့ဆုံရန် လုံးဝ အစီအစဉ် မရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မီဒီယာများသို့ အသိပေး
ကြေညာသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပမီဒီယာများကို၎င်းအားမေးမြန်းမှုနှင့်ပတ်သက်၍
ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံရောက်ရှိနေသည့် မစ္စတာကင်တားနားမှာ သြဂုတ်လ(၁၉)ရက်နေ့
ညပိုင်းက မန္တလေးမှ နေပြည်တော်သွားရာလမ်း၌လည်း ဆန္ဒထုတ်ဖော်မှုများနှင့်
ကြုံတွေ့ခဲ့ရသည်ဟု မိထ္တီလာဒေသခံများထံမှ သိရှိရသည်။
“
မိတ္တီလာမြို့တွင်းကို ဖြတ်တော့ ကင်တားနားအလိုမရှိ ဆိုင်းဘုတ်တွေ
ကိုင်ဆောင်ဆန္ဒ
ထုတ်ဖော်တာပါ” ဟု မိတ္ထီလာမြိုခံမ၀ါဝါ က ပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုမှာ ၈၈ မျိုးဆက်ကျောင်းသားများကွန်ယက်မှ ဦးဆောင်၍ လူတစ်ရာဝန်းကျင်ဖြင့် ဆန္ဒထုတ်ဖော်
ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
မိတ္တီလာဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင်ပါဝင်ခဲ့သူများအား လတ်တလော
အရေးယူရန်အစီ
အစဉ်မရှိဟု မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက
မီဒီယာတစ်ခုသို့ ပြောကြား
ထားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၁၂ရက်တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့သည့်
မစ္စတာကင်တားနား၏ ရခိုင်ပြည်နယ်
ခရီးစဉ်၌လည်း ဒုက္ခသည်စခန်းများသို့
သွားရောက်စဉ် ကာလအတွင်းကလည်း ရခိုင်ပြည်သူ
များက ၄င်းအား
ဘက်လိုက်မှုရှိသည်ဟုဆိုကာ စစ်တွေ အပါအ၀င် ဘူးသီးတောင်၊ မောင်တော
၌လည်း
ကန့်ကွက်ဆန္ဒပြမှုများနှင့် ကြုံတွေ့ကာ သတ်မှတ်ရက်ထက် စော၍
ပြန်ခဲ့ရကြောင်းနှင့် အပြန်ခရီး၌လည်း ရခိုင်ပြည်သူ တစ်ရာကျော်မှ
ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဒုက္ခသည် စခန်းများသို့သွားရောက်ခွင့်တောင်းခံစဉ်ကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ခံ တွေ့ဆုံခြင်းမရှိဟု သိရသည်။
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။