Wednesday, August 21, 2013

ပုသိမ်ခရိုင် ငရုတ်ကောင်းကျေးရွာတွင် ဘဂါင်္လီ၅၂ဦးဖမ်းမိ



ပုသိမ်ခရိုင်ငပုတောမြို့နယ်ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်းအနီးတွင်
သြဂုတ် လ(၁၉)ရက်က  ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘဂါင်္လီ(၅၂)ဦးကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ညနေငါးနာရီခန့်တွင်ဂေါ်ယံဂျီကျွန်းမှ ကိုက်ငါးဆယ်ခန့်အကွာတွင်ရှိသော ကုလားမခြံ

အနီး ပင်လယ်ပြင်တွင်မသင်္ကာဖွယ်ရာစက်လှေတစ်စင်းကို တွေ့ရှိရသဖြင့်ငရုတ်ကောင်းမြို့
နယ် အုပ်ချုပ် ရေးမှူး၊လူဝန်မှုကြီးကြပ်ရေးမှ ဝန်ထမ်းသုံးဦးနှင့်အဖွဲ့သည် စက်လှေအနီး သို့သွားရောက်ကြည့် ရှု့ ခဲ့ ကြောင်း၊ထို့သို့ကြည့်ရှုနေစဉ် အဆိုပါစက်လှေပေါ်မှ ဘဂါင်္လီ များက ရေထဲသို့ခုန်ချပြီး ကမ်းပေါ် သို့ တက်ပြေးခဲ့ကြောင်း၊ကျန်ရှိသေးသောဘင်္ဂါလီလူမျိုး
များပါဝင်သော စက်လှေသည် ဘင်္ဂလား ပင်လယ် အော်ဖက်သို့ ပြန်လည်မောင်းနှင်ထွက်
ခွါသွားကြောင်းသိရသည်။

ကမ်းပေါ်သို့တက်ပြေးလာသောဘင်္ဂါလီလူမျိုးများမှာ(၅၁)ဦးဖြစ်ပြီး၎င်းတို့အားနံသာပုကျေး
ရွာ စာကြည့်တိုက်သို့ ခေါ်ဆောင်ပြီးစီစစ်ရာဘင်္ဂါလီလူမျိုး(၁၆)ဦးဘင်္ဂလား
ဒေ့ရှ်နိုင်ငံသား
(၃၅)သီး တို့သည်ကုလားမခြံအနီးရေထဲသို့ခုန်ချပြီကမ်းပေါ်သို့တက်ရောက်လာကြောင်း
ကျန်ဘင်္ဂါလီများနှင့်စက် လှေမှာပြန်လည်ထွက်ခွာသွားကြောင်းဖမ်းဆီးခံရသူများကပြော
ကြားကြောင်းကနဦးသတင်းများအရသိရသည်။အဆိုပါနေ့  ကမ်းပေါ်သို့ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးထဲမှ တစ်ဦးကိုည၈နာရီခွဲခန့်တွင် ထပ်မံတွေ့ရှိသဖြင့်၊ဘင်္ဂါလီလူမျိုး စုစုပေါင်း (၁၇)ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစုစုပေါင်း(၃၅)ဦး အားလုံး စုစုပေါင်(၅၂)ဦးကို ထိန်းသိမ်းရ
ရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။