ယနေ့မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
ကမျက်နှာလွဲခဲပစ်လုပ်နေပါတယ်၊အရမ်းပျော့ညံ့လွန်းတယ်၊ NLD ဟာအတိုက်အခံ မဟုတ်တော့ဘူး။ ကြံ့ဖွတ်နဲ့ပေါင်းပြီး ပြည်သူကို နှိပ်ကွပ်နေတယ်၊ NLDဟာ စစ်အာဏာ ရှင်တွေရဲ့ နှပ်ကြောင်းထဲကို ၀င်နေပြီ စတဲ့အသံတွေစုံစနီဖာကြားနေရပါတယ်။
ဒီလိုပြောတဲ့လူတွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးက တကယ်ပဲစိုးရိမ်ပူပန်စိတ်နဲ့အပြု သဘောသတိပေးကြတဲ့သူနဲ့လုပ်သမျှကိုအဆိုးလိုက်မြင်ပြီးငါမလုပ်ရင်မဟုတ်ဘူးဆို
တဲ့ပုံစံနဲ့ ပြောနေတဲ့သူရယ်လို့ ခွဲလို့ရမယ်ထင်တယ်။ အဲဒီအပေါ်မှာမှကြံ့ဖွတ်အစိုးရရဲ့ အလုပ်မရှိကြောင်ရေချိုးတန်ပြန်မီဒီယာတွေကမီးလောင်ရာလေပင့်အရေးအသားတွေ
နဲ့တစိတ်ကိုတအိတ်လုပ်လိုက်ကြတော့ ဖောင်းပွကုန်တော့တာပဲ။
အကြောင်းအရာတခုကို ချဉ်းကပ်တော့မယ်ဆိုရင် ချဉ်းကပ်လို့ရမယ့်နည်းလမ်းတွေ
အများကြီးရှိနိုင်ပါတယ်။ သူ့အတွေး ကိုယ့်အတွေးဆိုတာလည်း မတူညီနိုင်ပါဘူး။
အပျက်သဘောနဲ့မြင်နိုင်သလို အပြုသဘောနဲ့လည်း စဉ်းစားလို့ရပါတယ်။ ဒီထဲမှာမှ
တိုင်းပြည်မှာဖြစ်သမျှတွေမှန်သမျှ NLD ကဘာမှမလုပ်လို့အပြစ်ပုံချဒေါ်အောင်ဆန်း
စုကြည်ကတိုင်းပြည်ကိုပစ်ပြီးထွက်ပြေးနေတယ်ဆိုပြီးနိုင်ငံရေးသဘာကြီးယောင်ယောင် ပညာရှင်ယောင်ယောင်နဲ့ အရေးအသားတွေကအဆိုးဆုံးပါပဲ။