အာရပ်ဆော်ဘွားနိုင်ငံ - ယူအေအီးရဲ့  ဒူဘိုင်းမြို့ မှာ တကယ် ဖြစ်သွား ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပ်လေးပါ။
ဒူဘိုင်းမြို့ ရဲ့  လူစည်ကား ရှော့ပင်တစ်ခု မှာ ဖြစ်ပါတယ်။ ကောင်လေးက Youtube ထဲက
ဗီဒီယိုတွေ အတော်အကြည့်များထားပုံ ရပါတယ်။ လုပ်လို့ လုပ်မှန်းမသိ၊ အမှန်ဟုတ်မှန်း
မသိ သူကတော့ Romantic ဆန်တဲ့ အချစ်မျိုး ကို သဘောကျလွန်းတော့ လူလည်ကောင်
မှာ လက်ထက်ခွင့် တောင်းပါတယ်။
ဂီတာလွယ်ထားတဲ့ အနုပညာရှင် သုံးလေးယောက် ကို ငှားရမ်းထား ပါတယ်။ အောက်
လည်း ရောက်ရော မိုက်ခရိုဖုန်းကြီး ကိုင်ပြီး ဈေးဝယ်လာတဲ့ အများပြည်သူများ ကို သက်သေ
ပြုပါကြောင်း၊ သူနဲ့ ကျနော်နဲ့ ချစ်ကျွမ်းဝင်လာကြတာ ဘယ်နှစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ အချစ်ဆို
တဲ့ အရာကို သူမနဲ့တွေ့မှ သိရှိခဲ့ပြီး ဘဝအတွက် လက်တွဲဖော် အဖြစ် ရွေးချယ်ရန်ဆုံးဖြတ်
ခဲ့ကြောင်း ဘာညာပြောပြီး နောက်ဆုံးပိတ် မှာ ဒူးထောက်ပြီးတော့ ကိုယ်မင်းကို လက်ထက်
ပါရစေလို့ ခွင့်တောင်း ရှာ ပါတယ်။