အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာအူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်းမှား ဖြန့်  ချိမှု၊ လူမျိုးရေး အဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု များ ဖြင့် ၀ါရှင်တန်ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွားမည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား ပြီး စုံ စမ်း သိရှိရသည်။
နေပြည်တော် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည် မဖော် လို သည့် မြောက်အမေရိကရေးရာ ဌာန အကြီးတန်း အရာ ရှိ တစ်ဦး က ” ပြီးခဲ့ တဲ့ လတွေ က ရခိုင် ပြည်နယ် အရေးမှာ ဖြစ်ခဲ့ တာ တွေ ကို သူက မီဒီယာ တွေ ကို လိမ်ညာ ပြီး ပြောတယ် လေ ၊ သတင်းမှာ တွေ သာမက ဓာတ်ပုံ တွေ ကို လည်း မရိုးမသား ထုတ် ပြန်တယ် ” ဟု FNGကို ပြောသည်။
ပါမောက္ခ ဒေါက်တာ ၀ါကာ အူဒင်သည် မြောက် အမေရိက တိုက် ရိုဟင်ဂျာ အစည်းအရုံး ခေါင်းဆောင် တစ်ဦး ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ခိုးဝင် နေ ထိုင်သည့် ဘင်္ဂလားဒေရှ် ရိုဟင်ဂျာများ အရေး တွင် တက် ကြွစွာ ပါဝင် လှုပ်ရှား သည်။
နေပြည်တော် ကာ ကွယ် ရေး ၀န်ကြီးဌာန အကြီးတန်း အရာ ရှိ တစ်ဦး မှ လာသည့် သတင်းတစ်ရပ် တွင် မူ ဒေါက်တာ ၀ါကာ အူဒင် ကို အကြမ်းဖက် သမား အဖြစ် သော် လည်း ကောင်းအကြမ်းဖက်မှု များ ကို ထောက်ခံ အားပေး သူ အဖြစ် သော် လည်း ကောင်းကြေငြာ သွား ရန်အစီအစဉ် ရှိ သည် ဟု FNG မှ သိရသည်။
စက်တင်ဘာလ တွင် စတင် မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် ဉ် ရိုဟင်ဂျာ အချို့  သည် ဆန္ဒပြ ရန် စီစဉ် ထား ကြောင်း ၊ ထိုဆန္ဒပြ မှု များ ကို နောက် ကွယ် မှာ ဒေါက်တာ ၀ါကာ အူဒင် က အားပေး အား မြှောက် ပြုထားကြောင်း မေရီလန်း ပြည်နယ် မှ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုး တစ်ဦး ဖြစ်သူ ဆူလေမန် ဖိုင်ဆယ်က FNG ကို ပြောသည်။
Sunday, July 29, 2012
ကုလသမ္မဂမှ ကင်တာနားက စစ်ဆေးပြီးသည်နှင့် အဖြေထွက်ပြီး သမ္မတဦးသိန်းစိန်ကို တောင်းပန်စေရမည်
စစ်တွေမှာ ပဋိပက္ခကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၃,၆၃၆ လုံး၊ သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦး။ ကျောက်တော်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၇၁ လုံး၊ သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရ ၃ ဦး။ ပေါက်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၂၁ လုံး၊ သေဆုံး ၃ ဦး၊ ဒဏ်ရာရ ၁၆ ဦး။ ရသေ့တောင်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၆၇ လုံး၊ သေဆုံးသူ ၁၄ ဦး ၊ဒဏ်ရာရသူ ၂၉ ဦး။ မောင်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၄၇၄ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ သေဆုံးသူ ၂ဝ ဦး၊ ဒဏ်ရာရသူ ၆ ဦး။ ရမ်းဗြဲမှာတော့ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၅ လုံး၊ သေဆုံးသူ ၁ ဦး ဆိုတော့ ရခိုင်တပြည်နယ်လုံးမှာ မီးလောင်ပျက်စီးမှုပေါင်း ၄,၈၂၂ လုံး၊ သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရ ၁၁၁ ဦး ရှိပါတယ်။ ဒီစာရင်းတွေဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ နှစ်မျိုးစလုံး အကျူံးဝင်ပါတယ်။ မီးလောင်ပျက်စီး ဆိုရာမှာ မီးလောင်သွားတာရော၊ မီးမလောင်ဘဲ အဖျက်ခံရလို့ ပျက်စီးသွားတာရော တပေါင်းတည်း ဆိုလိုတာပါလို့  ရခိုင်ပြည်နယ် အစိုးရ တာဝန်အရှိဆုံး ဦးလှသိန်းက ပြောဆိုသွားခြင်းဖြစ်သည် ။
Friday, July 27, 2012
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပတ်သက်၍ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဦးပဉ္ဇင်း ၀ီရသူ)၏ သဘောထား။
“ဝီရသူ သဘောထား ၇/၇၄”
အရှင်ဝီရသူ၊ ဇူလိုင် ၂၁၊ ၂၀၁၂
၁၃၇၄-ခု ဒုတိယဝါဆိုလဆန်း(၇)
၂၀-၇-၂၀၁၂-သောကြာနေ့
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
(က) ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။
ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။
အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
(ခ) ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာ ကြာလိုက်သော တောင်ကုတ်အရေး အခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်းအကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့်ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သော ဟိန္ဒူလူမျိုး များကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
(ဂ) အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက် ဆင်းတု များ၏ ဦးခေါင်းတော်ကို ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း၊
အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍ လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်း ထားခြင်း များ ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
(ဃ) အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီ အကြမ်းဖက် စစ်သွေးကြွများ ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
အပြည့်အစုံဖတ်ရန်

မြန်မာလူမျိုးများ အားလုံးသိစေရန်
လက်ရှိမြန်မာနိုင်ငံသည် နယ်ချဲ့ ကျူးကျော်လိုသူ ဘာသာရေး အကြောင်းပြ အကြမ်းဖက်လိုသူ ပြည်တွင်းပြည်ပရန်နှင့် ရင်ဆိုင်နေရချိန်ဖြစ်ပါသည်
အစိုးရ ရော အတိုက်အခံ အပါအဝင် ပြည်သူအားလုံးညီညွတ်ပြီး နိုင်ငံရန်ကို အဓိကချေမှုန်းကြပါစို့
... မြန်မာနိုင်ငံ သည် ပါတီအားလုံးထက်အရေးကြီးပါသည်နိုင်ငံ ပျောက်သွား လျင် အစိုးရရော အတိုက် အခံဆိုသည်မှာရှိတော့မည် မဟုတ်ပေ။
သင် သတိရှိ ရုံဖြင့် နိုင်ငံတော်ကိုကာ ကွယ်နိုင်ပါသည်
1) လုံခြုံရေးကို အထူးဂရုစိုက်ပါရန်
2) မိမိတို့ပတ်ဝန်းကျင်တွင် လူစိမ်းများတွေရှိပါက သက်ဆိုင်ရာကို အကြောင်းကြားရန် နှင့် Facebook တွင်ဖော်ပြလက်ဆင့်ကမ်းရန်
3) ပတ်ဝန်းကျင်ကို မျက်ချေမပြတ် သတိပြုနေကြပါရန်
(ကောင်းခန့်ကျော် fb မှသတိပေးချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

Friday, July 13, 2012
ရိုဟင်ဂျာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေ
ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒုတိယ အကြိမ် သတင်းထောက် တစ်ယောက်က ထပ်မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာ ကတော့ ...
ပထမဖြေခဲ့သလို တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ စပြီး လိုအပ်ပါယ်။ ဒီမှာ ပြောလိုတာက လက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင် နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေမယ်ဆိုတာ သေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုထိမ်းသိမ်းရေးလိုအပ်နေပါတယ်။ .. လို ဖြေသွားပါတယ်။

Sunday, July 8, 2012
၈၈ပြည်သူ့အင်အားစုပါတီဝင် ၂၀၀၀၀ကျော် NDF ပါတီသို့ပြောင်းမည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိမဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်နှင့်ပုသိမ်ကြီးမြို့နယ်တို့မှ ၈၈ပြည်သူ့အင်အားစုပါတီ၏ပါတီဝင်၂၀၀၀၀ကျော်က NDF ပါတီသို့ပါတီဝင်များအဖြစ် ပြောင်းလဲ ၀င်ရောက်တော့မည်ဖြစ်ကြောင်း ၈၈ပြည်သူ့အင်အားစုပါတီ ဥက္ကဋ္ဌဦးမြင့်ဦးကပြောသည်။ အဆိုပါ ပါတီဝင်များကို အမျိုးသားဒီမို ကရေစီ အင်အားစုပါတီက မန္တလေးတိုင်းဒေသကြီးရှိရုံးခွဲတွင် ဇူလိုင် ၅ရက်၌အ ခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း၊
Saturday, July 7, 2012
ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။
အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက်အမြစ်တွယ်ဖြိုဖျက်ရခက်သည့်ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင် မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။ ထို့ကြောင့်ထိုကိစ္စများထဲမှမိမိလက်လှမ်းမီရာများကိုလေ့လာဖော်ပြလိုက်ပါသည်..။
(၁)ဦးသိန်းစိန်အစိုးရသစ်လက်ထက်၂၀၁၀အတွင်းမှ..၂၀၁၂အတွင်းဖြစ်ပေါ်ခဲ့သောလယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ = ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သောကုမ္ပဏီများ၏ငွေမတန်တဆပေးချေကာ..လယ်မြေ/မြေယာသိမ်းယူမှုများ ပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခုအစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များဆက်တိုက် ဖြစ် ပွားနေခြင်း။ (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကိုဆန္ဒပြခြင်းဖြစ် ပါသည်။

Thursday, July 5, 2012
နိုင်ငံသား ဖြစ်သင့်ရဲ့လား
မြန်မာနိုင်ငံဒုဝန်ကြီးကနေဘင်္ဂါလီခေါ်တောတွေကိုနိုင်ငံသားအဖြစ်လက်ခံဖို.အတည်ပြု
လိုက်တယ်လို.သတင်းဖတ်မိပါတယ်။ဒါကြောင့်အရမ်းစိတ်ပျက်မိပါတယ်။ဒီ့အတွက်နိုင်ငံ
သားဖြစ်ခွင့်ဆိုတာနဲ.ပါတ်သတ်ပြီးစဉ်းစားကြရတော့မယ်။ဥပဒေထုတ်ရတော့မယ်။အ
တည်ပြုရတော့မယ်။ဒါဆိုကျမသိသလောက်နိုင်ငံတွေရဲ့နိုင်ငံသားဖြစ်ခွင့်တွေကိုပြောကြည့်
ချင်ပါတယ်။အဲ့တော့ကအင်္ဂလန်နိုင်ငံကပဲစကြပါစို.။အကြောင်းအမျိုးမျိုးကြောင့်အင်္ဂလန်
ရောက်လာကြသူတွေကိုအရင်တုန်းက ၇ နှစ်ပြည့်ရင်နိုင်ငံသားလျှောက်ခွင့် ရှိပါ တယ် ။
အခုတော့၁၀နှစ်တိုးမြှင့်လိုက်ပါတယ်။၁၀နှစ်ပြည့်ရင် PR (Permanent residence)ရမှာ
ဖြစ်ပြီး နောက် တစ်နှစ်ကြာမှcitizenship လျှောက်နိုင်မှာဖြစ်ပါတယ်။နေထိုင်စဉ်အတွင်း
လဝကဥပဒေနဲ.ငြိစွန်းမှု.မရှိသူ၊အကျင့်စရိုက်ကောင်းမွန်သူ၊အင်္ဂလိပ်စကား(သို.)စကော့
တလန်စကား(သို.)ဝေးလ်စကား ကောင်းမွန်စွာ ပြောတတ်သူဖြစ်ရပါမယ် ။ ဒါ့အပြင် တခြားလိုအပ်ချက်တွေ ရှိပါသေးတယ်။ တကယ့် တရားဝင်လာရောက် ပညာသင်သူ ၊ အလုပ်လုပ်ကိုင်သူများအတွက်ပါ ။ ဘာကြောင့် နှစ်တိုးမြှင့်လိုက်သလဲ ဆိုတာ ရှင်းပါ
တယ် ။ အရင် စီးပွားရေးပြေလည်တုန်းက မသိသာပေမယ့် စီးပွားရေးကျဆင်းချိန်မှာ
ကိုယ့်နိုင်ငံသားကိုသာဦးစားပေးရပါမယ်။သို.သော်ဒီမိုကရေစီနိုင်ငံကလည်းဖြစ်ပြန်တော့
နိုင်ငံသားမပေးတော့ဘူးလို. လုပ်လို.က လည်း မကောင်းတော့နှစ်တိုးမြှင့်လိုက်တာပါ၊အဲ့
ဒါနဲ.တဆက်တည်း နိုင်ငံသားလျှောက်နိုင်ချေရှိတဲ့ လမ်းတွေလည်း ဥပဒေတိုးမြှင့်လိုက်ပါ
တယ်။ ကျောင်းသားတယောက်ကို၅နှစ်ထက်ပိုပြီးစာသင်ခွင့်မပေးတော့တာမျိုး၊ ဘွဲ.ရ ပြီး
ပေးနေကြ ဘွဲ.လွန်အလုပ်လုပ်ခွင့်(PSW= Post Study Work) မပေးတော့တာမျိုး လုပ်ချ
လိုက်ပါတယ် ။

Wednesday, July 4, 2012
အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီပီ
ကြားဖြတ်ရွေးကောက်ပွဲနေရာများမှာအန်အယ်ဒီကအပြတ်အသတ်နိုင်သွားတဲ့အတွက်လွှတ်တော်မှာနေရာ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။အတိုက်ခံတိုင်းရင်းသားပါတီများကိုထည့်တွက်ရ၁၅ရာနှုန်းလောက်တော့လွှတ်တော်မှာရှိပါမယ်။တိုင်းရင်းသားပါတီဆိုတာအတိုက်အခံဖက်သားများလို့ပြောနိုင်ပါ တယ်။
ပုသိမ်မြို့က ကြံဖွံ့အမတ်တဦး
လွန်ခဲ့တဲ့အနှစ်၂၀လောက်က၁၀တန်းကိုထူးချွန်စွာအောင်မြင်ခဲ့တဲ့မိန်းကလေးတဦးရှိပါတယ်။မင်းကြီးလမ်းကချမ်းသာသူတဦးကဆေးကျောင်းတက်ဖို့ရိုးသားစွာထောက်ပံ့ပေးပြီးဆရာ ၀န်ဖြစ်လာပါတယ်။ဆရာဝန်ဖြစ်တော့သူတို့သားနဲ့အိမ်ထောင်ပြုလိုက်ပြီး၊ပုသိမ်မှာဆင်းရဲသူများကြားမှာဆေးခန်းကလေးထူထောင်ပြီး၊အသက်မွေးဝမ်းကြောင်းပါတယ်။ပုသိမ်မြို့ဆိုတာ မြန်မာပြည်နယ်တိုင်းမြို့တော်များမှာ“နာမည်ကြီးထမင်းငတ်”၊ဆန်၊ငါးပုဇွန်အလွန်ထွက်ပေ မယ့်အားလုံးနိုင်ငံခြားပို့ပြီးပြည်သူလူထုကတော့ဆင်းရဲနေတဲ့မြို့ကြီးဖြစ်ပါတယ်။မြန်မာပြည်တခြားမြို့ကြီးများမှာမော်တော်ဆိုင်ကယ်အိမ်တိုင်းရှိနေကြပေမဲ့၊ပုသိမ်မြိုကမော်တော်ဆိုင် ကယ်ပိုင်ရှင်ဆိုရင်သူဌေးလို့သတ်မှတ်ပါတယ်။အဲဒီလောက်ဆင်းရဲတဲ့လူတွေကြားမှာဆရာ ၀န်မလေးကကုသိုလ်လည်းရ၊၀မ်းလည်းဝကိုယ်ပိုင်ဆေးခန်းဖွင့်ပါတယ်။စေတနာကြောင့်ဝင်ငွေအသင့်တင့်ကောင်းပြီး၊အနှစ်၂၀လောက်မှာနာမည်ကျော်ဆရာဝန်မတဦးဖြစ်လာပါတယ်။၂၀၀၇နာဂစ်မုန်တိုင်းနဲ့သံယာအရေးအခင်းနောက်ပိုင်း၊ကြံ့ဖွဲ့ပါတီပြုပြင်ပြောင်းလည်းရေးလုပ်ချိန်၊အဲဒီဆရာဝန်အမျိုးသမီးကိုလွှတ်တော်အမတ်အဖြစ်ကြံ့ဖွံ့ပါတီမှရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှ အမတ်ဖြစ်လာပါတယ်။

လူပွဲစားဖြင့် မလေးရှားနိုင်ငံ သွားသည့် လီဆူအမျိုးသမီး (၂)ဦး ပျောက်ဆုံးနေ
လူပွဲစားများ၏ ဆက်သွယ်ပေးမှုဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် မလေးရှားနိုင်ငံသို့ တောလမ်းဖြင့်သွားသည့် အသက် ၂၈နှစ်အ ရွယ် အာချီနှင့် အသက် ၂၁အရွယ် အာချာဆိုသူ လီဆူတိုင်းရင်းသူ ညီအစ်မ နှစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။
ယခုနှစ်၊ ဧပြီလ ၁၉ရက်နေ့၌ မမွန်ဆိုသူ ပွဲစားနှင့်ချိတ်ဆက်၍ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၄,၅၀၀ (နှစ်သောင်းလေးထာင်ငါးရာ)ဖြင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် လူ ၂၄ဦးကို ရန်ကုန်မှ မြ၀တီသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ခရီးဆက်ခဲ့ရာ တောလမ်းတနေရာ တွင် အဆိုပါညီအစ်မနှစ်ဦး ပျောက်ဆုံးရာမှ ယနေ့အထိ ဆက်သွယ်မရခဲ့ခြင်းဖြစ်သည်ဟု အတူပါသွားခဲ့သူ ကိုအာဖူက ပြောသည်။
....... Read More
ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တပုဒ်
စစ်အေးကာလအတွင်းက အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆိုဗီယက်ရုရှား
ဦးဆောင်တဲ့ အရှေ့အုပ်စုဆိုပြီး ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက်အုပ်စုကြီး
နှစ်စုရှိတယ်။
သူတို့ဟာ အင်္ဂါဂြိုလ်ပေါ်မှာ သဘာဝသယံဇာတ တွေကို ပြိုင်တူ တွေရှိကြပြီး အဲ့ဒီသယံဇာတတွေကို အလိုလျှောက် အလုပ်လုပ်တဲ့ စက်ရုပ်တွေရဲ့အကူအညီနဲ့ ထုတ်ယူပြီး ကမ္ဘာမြေပေါ်ကို သယ်ယူကြတယ်။
ဒါပေမဲ့ သူတို့အုပ်စုနှစ်စုလုံးဟာ အဲ့ဒီသယံဇာတတွေကို အုပ်စုတခုထဲက ဘဲအပိုင်စီးထုတ်ယူဖို့ အမြဲပြိုင်ဆိုင်နေကြတယ်။
တနေ့မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက သိပ်ပံပညာရှင်တွေက နည်းပညာတခုရရှိသွားပြီး အဲ့ဒီနည်းပညာရဲ့အကူအညီနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့ စက်ရုပ်တွေအတွင်းကို" လောဘ" ဆိုတဲ့ ဆော့ဝဲတခုထည့်ပေးလိုက်တယ်။ အဲ့ဒီဆော့ဝဲထည့်ပြီး နောက်ပိုင်းမှာ သူတို့ စက်ရုပ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ (၁၀)ဆလောက်တက်သွားပြီး ကမ္ဘာမြေပေါ်ကို သယံဇာတ အမြောက်အများ ပေးပို့နိုင်ခဲ့ကြတယ်။

ဒုတိယ သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနေရာကို အစားထိုးခန့်အပ်ရန်ရှိ
ပြည်ထောင်စုလွှတ်တော်မှ၂၀၁၁ခုနှစ်၊ဧပြီလ၄ရက်နေ့တွင်ရွေးချယ်ခန့်အပ်ခဲ့သည့်ဒုတိယသမ္မတတစ်ဦးဖြစ်သူသီဟသူရဦးတင်အောင်မြင့်ဦးသည်၎င်း၏ကျန်းမာရေးအခြေအနေ ကြောင့်ဇူလိုင်၁ရက်မှစ၍ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့အကြောင်းကြားစာပေးပို့လာပြီးနှုတ်ထွက်စာတင်သွင်းခဲ့ကြောင်းသိရပါသည်။အဆိုပါအကြောင်းကြားစာကိုနိုင်ငံတော်သမ္မတမှ ခွင့်ပြုပြီးဖြစ်သဖြင့်နိုင်ငံတော်သမ္မတရုံးမှလည်း၎င်း၏နှုတ်ထွက်မှုကိုဇူလိုင်၂ရက်တွင်ပြည် ထောင်စုလွှတ်တော်နာယကထံအကြောင်းကြားခဲ့သဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ(၇)ရက်အတွင်းအစားထိုးခန့်အပ်မည့်သူအမည်စာရင်းကိုမူလရွေးချယ်ပေးထားသည့်တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့မှတင်သွင်းရမည်ဖြစ်သဖြင့်ဇူလိုင်၁၀ရက်နောက်ဆုံးထားတင်သွင်းရန်ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ် တော်နာယကမှ ပြောကြားခဲ့ပါသည်။
ဒုတိယသမ္မတရာထူးနေရာလစ်လပ်ခြင်းနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတထံမှပေးပို့သည့်သ၀ဏ်လွှာ တွင်ဖော်ပြပါရှိမည်ဖြစ်ကြောင်းနှင့် တပ်မတော် သားကိုယ်စားလှယ်အဖွဲ့မှ ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း သိရသည်။
ယနေ့နေ့လည် ၁နာရီတွင် ကျင်းပမည့်ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး အစီအစဉ် နံပါတ် ၁၁တွင် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်သည်။

Tuesday, July 3, 2012
အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန် စီစဉ်ထားသော Engelbert ဖျော်ဖြေပွဲကို့  မကျင်းပဖြစ်တော့
ဇူလိုင် ၁၁ ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန် စီစဉ်ထားသော Engelbert
ဖျော်ဖြေပွဲကို ၄င်း၏ မိသားစု ကျန်းမာရေးအခြေအနေကြောင့်
မကျင်းပဖြစ်တော့ကြောင်း အဆိုပါ ဖျော်ဖြေပွဲကို စီစဉ်သည့် Forever Group မှ
ဦးကျော်ဝင်းက ပြောသည်။
အဆိုတော်ကြီးဆီက အီးမေးလ်ပို့လာတယ်။ သူ့အီးမေလ်ထဲမှာတော့ ဒီဖျော်ဖြေပွဲ ပျက်ရတဲ့အကြောင်း အရင်း ကို 'Personal Family Health Issue လို့ ပြောထားတယ်။ မိသားစုကျန်းမာရေးအခြေအနေကြောင်

ယခုဖျော်ဖြေပွဲအတွက် လက်မှတ်အစောင် ၃၀၀ ၀န်းကျင် ရောင်းချထားပြီးဖြစ်ပြီး အဆိုပါလက်မှတ်များကို ရတနာပုံ ကောစင်တာ ၁၈၇၆ သို့ခေါ်ဆိုပြီး ၆ ကိုနှိပ်၍ လက်မှတ်များကို စုံစမ်းမေးမြန်း ပြန်လဲနိုင်ကြောင်း MRTV-4 မှ ကြေညာသည်။
ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားသော ၄င်း၏ဖျော်ဖြေပွဲကို မြန်မာနိုင်ငံနည်းတူ ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
7 Days News Journal
Subscribe to:
Posts (Atom)